ကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၈.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှမ်းချောင်း (ကုန်စိမ်းဈေး) အတွင်းသို့ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ အင်းလေး၊ အောင်ပန်းနှင့်အခြားဒေသများမှ ခရမ်းချဉ်သီးများမှာ ယခင်လထက် လှိုင်လှိုင်ဝင်ရောက်လာကြကြောင်း မေးမြန်းသိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့တွင် အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥများကို တစ်နိုင်တစ်ပိုင်မွေးမြူသူများနှင့် စီးပွားဖြစ်လုပ်ကိုင်ကြသူများလည်းရှိသည်။ “ထူးထူးတိုး” ကုမ္ပဏီမှာ ဥစားကြက်ကိုအဓိကမွေးမြူလုပ်ကိုင်ပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ကြက်ဥများမှာ အရွယ်အစားအလိုက် စျေးနှုန်းများလည်းကွာခြားလျက်ရှိသည်။ မြိတ်မြို့ အတွင်းရှိ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်အတွင်း တစ်နိုင်တစ်ပိုင် ဥစားကြက်မွေးမြူရေးခြံများမှထွက်ရှိသော ကြက်ဥတစ်လုံး၏စျေးနှ

ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ရှိ ဓါတ်မြေဩဇာဆိုင်များတွင် ယူရီးယားလုံးကြီး ဓါတ်မြေဩဇာများဖြစ်သော မြင်းပျံအမှတ်တံဆိပ်မှာ ၂၀၂၃ခုနှစ်၊ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ် ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၈၆၀၀၀ ကျပ်၊ CP အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းကျဆင်းပြီး MC အမှတ်တံဆိပ် ဓါတ်မြေဩဇာမှာ ဇွန်လကုန်ပိုင်းက တစ်အိတ်လျှင် ၈၆၅၀၀ ကျပ်ရှိရာမှ ဇူလိုင်လကုန်ပိုင
