ကုန်သွယ်မှုသတင်းများ

Powered by Drupal
08 Aug 2023

      တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ယခင်အပတ်က ငရုတ်သီးစိမ်း (မိုးထောင်သီး)မှာ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ၊ ကုလားအော်သီးမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ငရုတ်သီးစိမ်း(ကျောက်စိမ်းသီး)မှာ တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ 

08 Aug 2023

       တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် မြေပဲဆီများမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်က တစ်ပိဿာလျှင် ၇၅၀၀ ကျပ်မှ ၇၆၀၀ ကျပ်အထိရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၇၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။

08 Aug 2023

   ပြည်မြို့နယ်အတွင်းရောင်းချနေသော ပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားဖြင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း တင်ပို့ရောင်းချနေကြသကဲ့သို့ ပြည်မြို့ နယ်အတွင်း မှော်ဇာကျေးရွာများ၌လည်း အများဆုံးစိုက်ပျိုးကာ ရောင်းချနေကြကြောင်းသိရပါသည်။ ရန်ကုန်ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ပုတီးကုန်း၊ ဆင်မြီးဆွဲဒေသမှထွက်ရှိသော ပြောင်းဖူးများကို ဒေသအခေါ် နတ်ပြည်မွှေးနှင့် ကာလာဖိုက်ဟုတင်စားခေါ်ဆိုကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ စတုတ္ထအပတ်၌ ပြည်မြို့အတွင်း

08 Aug 2023

    တောင်ငူမြို့၊ ဘုရင့်နောင်ဈေးတွင် ညနေပိုင်းအချိန်၌ တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးလက်ဒေသများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များအား လာရောက်ရောင်းချသူများဖြင့် စည်ကားလျက် ရှိပါသည်။ ညနေ ၄နာရီ အချိန်ခန့်မှစ၍ ခြံထွက်သီးနှံများ ဖြစ်သော ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်၊ ဆလပ်ရွက်၊ ဆလပ်တွန့်၊ ပြောင်းဖူး၊ မာလကာသီး၊ မျှစ် စသည်ဖြင့် အမျိုးစုံလင် လှပါသည်။

08 Aug 2023

     မင်းဂွတ်သီးကို အင်္ဂလိပ်လို (Mangosteen) ဟုခေါ်ဆိုကြပါသည်။ အသီးစသီးချိန်၏အခွံမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးအချိန်တွင်အနီရောင်ဖြစ်လာပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခရမ်းရောင်သန်းလာလျှင် မှည့်ပြီဟုယူဆနိုင်ပါသည်။

Pages