ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့ မြို့မဈေးကြီးအတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဧပြီလဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ အောက်ပါ အတိုင်းရောင်းဝယ်နေကြပါသည်။
မီးဖိုချောင်းသုံး သီးနှံဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ ရှမ်းမွှာ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ် ၊ကြက်သွန်နီကြီး (၁)ပိဿာလျှင် (၂၀၀၀)ကျပ် ကြက်သွန်နီအသေး (၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊ ငြုပ်သီးခြောက် (ပွ)တစ်ပိဿာ (၂၂၀၀၀)ကျပ်၊ ငြုပ်သီးခြောက် (ရှည်) တစ်ပိဿာ (၁၂၀၀၀)ကျပ်၊ မြေပဲဆံ (အစိမ်း) တစ်ပိဿာ (၉၀၀၀)ကျပ်၊ ကုလားပဲလုံး တစ်ပိဿာ (၄၅၀၀)ကျပ်၊ ကုလားပဲခွဲခြမ်း တစ်ပိဿာ (၆၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၅၀၀၀)ကျပ်၊ ဂေါ်ဖီ(၁)ထုတ်လျှင်(၁၅၀၀)ကျပ်၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ၊အားလူး(၁)ပိဿာလျှင်(၇၀၀၀) ကျပ်နှုန်းဖြင့်ရောင်းချနေကြောင်းသိရသည်။
DOCA(ပဲခူး)