ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ရေလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်လျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ မြိတ်ဒေသအတွင်း စားသုံးလျက်ရှိသည့် ငါး/ ပုစွန်များကို ကမ်းနီးရှိ ငါးဖမ်းလှေငယ်များမှရရှိပြီး ငါးလေလံဈေးမှတစ်ဆင့် အဓိကဝယ်ယူရောင်းချကြသည်။ ငါး/ ပုစွန်ဈေးနှုန်းများသည် ငါးများဖမ်းဆီးရရှိမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မုံရွာမြို့၊ သီရိရတနာဈေးရှိ ရွှေဘိုငါးဒိုင်တွင် ငါးအမျိုးအစားပေါင်းများစွာ ရောင်းချလျက်ရှိပါသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ငါးအမျိုးအစားများမှာ ငါးတန်၊ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးမုတ်၊ ငါးကြင်းဖြူ၊ ငါးမြင်း၊ ငါးသလောက်၊ ငါးလူး၊ ငါးဖျဉ်းတောင့်၊ ပုဇွန်လတ်၊ ပုဇွန်ကြား၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲ တို့ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်၊ ပုတီးကုန်း၏ အနားပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို များစွာ စိုက်ပျိုးထုတ်လုပ်၍ စီးပွားဖြစ်တင်ပို့ရောင်းချလျက်ရှိပါသည် ။ ထိုဟင်းသီးဟင်းရွက်သီးနှံများထဲတွင် တကူးတကစိုက်ပျိုးစရာမလိုဘဲ မိုးဦးကျတွင်ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များလည်းပါဝင်ပေသည် ။ ထိုအလေ့ကျပေါက်ရောက်သော ဟင်းသီးဟင်းရွက်များထဲမှ ဖလှံတောင်ဝှေး၏အသုံးဝင်ပုံကို ရေးသားတင်ပြအပ်ပါသည်။

ဩဂုတ်လ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘို ပေါ်ဆန်းဆန် တစ်ပြည် ၅၅၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန် တစ်ပြည် ၄၈၀၀ ကျပ်၊ သထုံပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ ကျပ်၊ဧည့်မထဆန်(မနောသုခ)တစ်ပြည် ၂၉၀၀ ကျပ်၊ ဧည့်မထဆန်(ဧရာမင်း) တစ်ပြည် ၃၃၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ(ကြီး)လက်လီဈေးမှာ တစ်ပိဿာ ၂၈၀၀ ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ