ကုန်သွယ်မှုသတင်းများ
ဆူးပုတ်ကြီးပင် (သို့) ဆူးရစ်ပင်ကို ရုက္ခဗေဒနာမည်အားဖြင့် အကေးရှားအင်နာတာ (Acacia Pennata) ဟုခေါ်သည့် မျိုးရင်းမှာ “လီဂူမီနိုးစီအီး” Leguminsae Jussieu ဖြစ်သည်။ ဆူးရစ်ပင်ကို မြန်မာနိုင်ငံအရပ်ရပ်၌တွေ့ရပြီး မြန်မာအမည်မှာ ဆူးပုတ်ကြီး၊ အင်္ဂလိပ်အမည်မှာ SUE POKE ဖြစ်သည်။
ဆူးပုတ်ရွက်နှင့် ကျန်းမာရေး

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းထူးရှယ် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၁၀၃၀၀၀) မှ ကျပ် (၁၀၅၀၀၀) အတွင်း၊ ပေါ်ဆန်းမွှေး ရှယ် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၉၈၀၀၀) မှ ကျပ် (၁၀၀၀၀၀) အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၅၀၀၀) မှ ကျပ် (၈၇၀၀၀) အတွင်း၊ ဧည့်မထ (အိန္ဒိယချေ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၆၀၀၀) မှ ကျပ် (၆၈၀၀၀) အတွင်း၊ ငစိန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၂၀၀၀) မှ ကျပ် (၇၄၀၀၀) အတွင်း၊
