
စားသောက်ဆိုင်များတွင် အသုံးပြုလျက်ရှိသော ဝါးတူများထုတ်လုပ်သည့်စက်ရုံမှ စွန့်ပစ် ပစ္စည်းများဖြစ်သော ဝါးဖတ်များနှင့်ဝါးဆစ်အတိုအစများကို ထင်းအစားထိုးလောင်စာအဖြစ် ပြန် လည်အသုံးပြုခြင်းအား အသုံးပြုသူများရော စက်ရုံပါ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေပါ သည်။
ကျေးလက်နေပြည်သူအများစုမှာ ထင်းကိုလောင်စာအဖြစ် အသုံးပြုလျက်ရှိရာ စွန့်ပစ် ဝါးဖတ်နှင့်ဝါးဆစ်များအား လောင်စာအဖြစ် အသုံးပြုခြင်းဖြင့် ထင်းတောတက်ရန်၊ ထင်းခုတ်ရန် မလိုဘဲ ကုန်ကျစရိတ်သက်သာစွာဖြင့် သုံးစွဲနိုင်သကဲ့သို့ စက်ရုံမှလည်း အလေအလွင့်မဖြစ်တော့ဘဲ သင့်တင့်သော စရိတ်စကကို ပြန်လည်ရရှိစေပါသည်။
ဝါးဆစ်များမှာ ထမင်းဟင်းချက်ပြုတ်ရာတွင်အပြင် မြေအိုးလုပ်ငန်းများမှ အိုးဖုတ်ရာ တွင်လည်း အသုံးပြုနိုင်ပါသည်။ ထမင်းဟင်းချက်ပြုတ်သူများအတွက် ထော်လာဂျီအကြီး တစ်စီး တိုက်စာကို လေးလခန့်အသုံးပြုနိုင်ကြောင်း သိရပါသည်။
တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု မင်းလမ်းကျေးရွာရှိ ရွှေဝါး ဝါးတူစက်ရုံတွင် စွန့်ပစ်ဝါးဆစ်နှင့် ဝါးဖတ်များကို မှာယူနိုင်ကြောင်း၊ ထော်လာဂျီ(အသေး)တစ်စီးတိုက်လျှင် ၄၅၀၀၀ ကျပ်နှင့် ထော်လာဂျီ(အကြီး)တစ်စီးတိုက်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးကြောင်း စက်ရုံ ဝန်ထမ်းတစ်ဦးထံမှ သိရပါသည်။
DOCA(ပဲခူး)