
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခင်နှစ်များစွာက ငရုတ်သီးများကို တောင်ပေါ် ဒေသများ၌ အများအပြားစိုက်ပျိုးခဲ့ကြပါသည်။ ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် စိုက်ပျိုး ခြင်းမရှိ၍ လိုအပ်သော ငရုတ်သီးများကို ပုတီးကုန်း၊ သဲကုန်း၊ ဆင်မြီးဆွဲနှင့် ပေါင်းတလည်မြို့များမှ မှာယူတင်သွင်းကာ တစ်ဆင့်ပြန်လည်ရောင်းချကြပါသည်။ ပေါက်ခေါင်းမြို့နယ်သို့ မှာယူတင်သွင်း သော ငရုတ်သီးစိမ်းများမှာ ကျောက်စိမ်းသီးနှင့် အာမိုသီးတို့ဖြစ်ပါသည်။ ဝယ်ယူရသော ဈေးနှုန်း အနေဖြင့် ကျောက်စိမ်းသီးတစ်ပိဿာလျှင် (၅၄၀၀-၅၅၀၀)ကျပ် ဖြင့်ဝယ်ယူရပြီး ပြန်လည်ရောင်းချ သောဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ အာမိုငရုတ်သီး စိမ်းတစ်ပိဿာလျှင် (၁၄၀၀၀-၁၄၅၀၀)ကျပ်ဖြင့် ဝယ်ယူပြီး ပြန်လည်ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရ၍ တစ်ပိဿာလျှင် (၁၀၀၀-၅၀၀) ကျပ် သာ အမြတ်ယူ၍ရောင်းချကြောင်း သိရပါသည်။
DOCA(ပဲခူး)