တောင်ငူမြို့မှ ပိန်းဥ

Powered by Drupal

     တောင်ငူမြို့ ညောင်ပင်ဈေးတွင် ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက် အသားငါး ပေါင်းစုံ ရောင်းချလျက်ရှိသည့် ကုန်စိမ်းဈေးကြီးဖြစ်ပါသည်။ ယခုအခါတွင် ပိန်းဥများပေါ်နေပြီ ဖြစ်၍ ရောင်းချနေပြီ ဖြစ်ပါသည်။

     ပိန်းဥမှာ နူးညံ့ပြီး ဟင်းချက်စား၍လည်းကောင်း၊ အဆာပြေပြုတ်စား၍လည်းကောင်း၊ သီးစုံကုလားပဲဟင်းချက်စား၍လည်းကောင်း စားသုံးကြပါသည်။ ဟင်းချက်စားသည့်အရွယ် ဥကြီး နှင့် ပြုတ်စားသည့်အရွယ် ဥသေးဟူ၍ နှစ်မျိုးရှိသော်လည်း ဈေးနှုန်းမှာ တူညီနေပါသည်။

     ပေါ်ခါစက တစ်ပိဿာလျှင် ၃၅၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိ ရှိသော်လည်း ယခု အပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းကြောင်း ပိန်းဥရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)