ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး အဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး ဈေး အနည်းငယ် တက်နေပါကြောင်း သိရှိရပါသည်။
ယခုအချိန်ရာသီသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ မုံရွာမြို့ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဩဂုတ်လ ပထမအပတ်မှစ၍ ကြက်မောက်သီးများ စတင်ဝင်ရောက် လျက်ရှိကြောင်း သိရသည်။ ကြက်မောက်သီးများအား မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း ၊ သထုံ ၊ မော်လမြိုင်မြို့နှင့် ပြင်ဦးလွင်မြို့တို့မှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်တွင် ကြက်မောက်သီး (၁)လုံးလျှင် ကျပ် (၁၅၀ -၂၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြက်မောက်သီးတွင် သံဓာတ်ကြွယ်ဝခြင်း၊ ဘီတ

တရုတ်ဇီးသီးများသည် စစ်ကိုင်းမြို့နယ်၌ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် အဖူးအပွင့်များ စတင်ဖူးကြပြီး မတ်လတွင် အသီးကင်းလေးများ ဖြစ်ပေါ်ကာ ဧပြီလနှင့် မေလတွင် တဖြည်းဖြည်း ကြီးထွားလာသည်။ ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ခူးဆွတ်ရောင်းချကြောင်း သိရပါသည်။ တရုတ်ဇီးသီးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ သဲနုံးဆန်သော မြေအမျိုးအစားဖြစ်ပြီး ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်း သိရပါသည်။ အပင်စိုက်ပျိုးချိန်မှာ သုံးနှစ်မှငါးနှစ်အကြား အသီးများ ကို ခူးဆွတ်ရောင်းချနိုင်က
ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဩဂုတ်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာမှ မှာယူရောင်းချသည့် မာလကာ သီးတစ်လုံးလျင်(၂၀၀)ကျပ်မှ(၃၅၀)ကျပ်ထိ၊ ရမည်းသင်းမြို့မှ မှာယူရောင်းချသည့် စပျစ်သီး တစ်ပိဿာ လျင် (၁၅၀၀၀)ကျပ်၊ စစ်ကိုင်းမြို့မှ မှာယူရောင်း ချသည့် နှင်းသီး တစ်ပိဿာလျင် (၁၀၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျင် (၇၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျင် (၃၀၀၀)ကျပ်၊ သစ်တော်သီး တစ်လုံး (၃၀၀)ကျပ်မှ (၅၀
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဩဂုတ်လ ပထမပတ်တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀၊ မန္တလေးသို့ အိတ်ရေ၂၇၄၀၀၊ နေပြည်တော် သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ ၅၆၀၀၀၊ တန်အားဖြင့် ၂၈၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့
