သင်္ကြန် အတာအိုးနှင့် အတာပန်းများအရောင်းသွက်

Powered by Drupal

     မြန်မာလူမျိုးများက အတာအိုးကို သင်္ကြန်ကို စောင့်ကြိုသည့် အနေဖြင့်ပြင်ဆင်ကြပါသည်။ သင်္ကြန်မကျခင် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သင်္ကြန်အကြိုကာလ ဧပြီလ ပထမပတ်မှ စ၍ ဝယ်ယူကြပါသည်။ ပဲခူးတိုင်းဒေသကြီး   နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင်  သင်္ကြန်အိုး (ခ)အတာအိုးများနှင့်  တံခွန်ကုက္ကား များအရောင်းသွက်လျက်ရှိပါသည်။

    ယခု ၂၀၂၅ ခုနှစ် ဧပြီလ ဒုတိယပတ် တွင် သင်္ကြန်အိုး (ခ) အတာအိုး အကြီးတစ်လုံး (၁၂၀၀)ကျပ်၊ အသေးတစ်လုံး (၉၀၀)ကျပ်၊ တံခွန်ကုက္ကားတစ်ခု (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အတာအိုးတစ်လုံး (၂၀၀)ကျပ်နှင့် တံခွန်ကုက္ကားတစ်ခု (၁၀၀)ကျပ် ဈေးတက်သွားကြောင်း အတာအိုးများကို မြို့နယ်တွင်း ကုန်းသာ  ကျေးရွာမှ ဝယ်ယူ၍ ပြန်လည်ရောင်းချကြောင်း အတာအိုးရောင်းချသူများထံမှ သိရပါသည်။

DOCA(ပဲခူး)