
ဆူးပုတ်ပင်ကိုမြန်မာနိုင်ငံဒေသအနှံ့အပြားတွင်စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ် ကြီးမျိုးနှင့် ဆူးပုတ်ကလေးမျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏ အရွက်မှာ အရွယ်အစားကြီး ပြီးအနံ့ပိုပြင်းပါသည်။ ဆူးပုတ်ကလေးမျိုး၏အရွက်မှာ အရွယ်အစားသေးပြီး အနံ့မှာဆူးပုတ်ကြီး အနံ့ထက် မပြင်းပါ။ ဆူးပုတ်ပင်တွင် ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိတ်မျိုးဟူ၍ (၃)မျိုး ရှိပါသည်။ ဆူးပုတ်ပင်သည် တောင်ပေါ်မြေပြန့် ဖြစ်ထွန်းသည့်အတွက် ရာသီမရွေး စိုက်ပျိုး၍ရပါသည်။ ဆူးပုတ်ပင်ကို ပြည်မြို့နယ် အတွင်းရှိကျေးရွာများတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး ၊ တစ်နိုင်တစ်ပိုင် ခြံများတွင်စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်ကိုစိုက်ပျိုးပြီး (၆)လအကြာတွင် ဆူးပုတ်ညွှန့်များစတင် ခူးယူရနိုင်ပါသည်။ ဆူးပုတ်ညွှန့်များကို တစ်ရက်ခူးယူပြီးလျှင် နောက်(၃)ရက်အကြာမှသာ ထပ်မံခူး ယူရရှိနိုင်ပါသည်။
ယခုအချိန်အခါတွင် ပြည်ဈေးကွက်အတွင်းတွင် ဆူးပုတ်ညွှန့်များရောင်းချနေရာတွင် အသေးတစ်စည်းလျှင် (၂၀၀)ကျပ်၊ အကြီးတစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချနေကြ ကြောင်းသိရှိ ရပါသည်။
DOCA(ပဲခူး)