ရွှေတောင်ဒေသထွက်ဂန္ဓာမာပန်း (မြနှင်းဝါ)အရောင်းအဝယ်ဖြစ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဒေါ်ခင်ဆွေဦးပိုင်ဆိုင်သော ဂန္ဓာမာပန်း (မြနှင်းဝါ) စိုက်ခင်းသို့ (၁၀.၄.၂၀၂၅)ရက်နေ့ နံနက် (၁၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

     ပန်းစိုက်၏ဧကမှာ တစ်ယောက်စိုက်တွင် အပင်‌ရေပေါင်းတစ်သောင်းရှိပြီး နတ်တော်လတွင် စတင်စိုက်ပျိုးပြီး တပေါင်းလတွင်ခူးဆွတ်‌ရောင်းချ ကြပါသည်။ စတင်ခူးဆွတ်ချိန်တွင် အစည်း (၂၅၀)လောက်သာရရှိပြီး လှိုင်လှိုင်ပေါ်ချိန်တွင် အစည်း(၅၀၀)ကျော်လောက်ခူးဆွတ်ရရှိပြီး (၂)ရက် ခြား၍တစ်ခါခူးဆွတ်ရပါသည်။ ပန်းတစ်စည်းလျှင်(၂၅၀)နှုန်းဖြင့် တောင်လုံးညိုပန်းဒိုင်များမှ လာရောက်ကောက်ယူကာ ရန်ကုန်နှင့် နယ်မြို့များသို့ ပြန်လည်တင်ပို့ရောင်းချကြောင်းသိရပါသည်။ ပန်းများကို စတင်ထွက်ပေါ်ချိန်မှစ၍(၂)လခူးဆွတ်‌ရောင်းချကြပါသည်။ ပန်းစိုက်ဧက တစ်ယောက် စိုက်တွင် စုစုပေါင်းကုန်ကျစရိတ်မှာ (၅)သိန်းကျော်ခန့်ရှိပြီး အကျိုးအမြတ်မှာ (၁၀)သိန်း ကျော်မျှကျန်ရှိနိုင် ကြောင်းသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)