ပြည်ကျောက်ဖရုံသီးဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုပ်နှင့် ရွှေတောင်မြို့နယ်များတွင် ကျောက်ဖရုံသီးများကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် အများအပြားထွက်ရှိသော ဒေသများ ဖြစ်ပါသည်။ ကျောက်ဖရုံသီးများကို ရန်ကုန်ဈေးကွက်သို့ တစ်အိတ်လျှင် (၆)လုံးပါအိတ် (၂၀)အိတ်၊ (၂၂)အိတ်အထိ တင်ပို့ရောင်းချလျှက်ရှိပါသည်။ ကျောက်ဖရုံပင်တစ်ပင်လျှင် အလုံး(၂၀)မှ (၇၀)ထိ ထွက်ရှိကြောင်း သိရပါသည်။ ယခုအချိန်သည် ကျောက်ဖရုံသီးစတင်ထွက်ပေါ်သော အချိန်ဖြစ်သော ကြောင့် ပြည်ဈေးကွက်တွင် ရောင်းချသော ကျောက်ဖရုံသီးဈေးများမှာ အသေးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပြီး ထိုင်ဝမ်မျိုးဖြစ်ကြောင်းလည်း သိရပါသည်။

DOCA(ပဲခူး)