ပြည်ကုန်စည်ဒိုင်၏ဧပြီပထမပတ်ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

     ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များလည်းအဝင်ရှိပြီး ပဲသစ်နှင့်ပဲဟောင်းနှစ်မျိုးစလုံး အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ဧပြီပထမပတ်တွင် ပြည်ကုန်စည်ဒိုင်၏ မတ်ပဲတစ်တင်းဈေးမှာ (၉၂၀၀၀၊ ၉၃၀၀၀)ကျပ်၊ မတ်ပဲ (လယ်ပဲ)တစ်တင်းဈေးမှာ (၉၄၀၀၀၊ ၉၅၀၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ် (၂၅၀-၃၀၀)ခန့် ရန်ကုန်နှင့်လှောင်သမားများအဝယ်ရှိနေသည်။ ဧပြီပထမပတ်တွင်ပဲစဉ်းငုံတစ်တင်းကို (၉၃၀၀၀ - ၉၃၅၀၀)ကျပ်ဖြင့် တစ်ရက်ကို ရန်ကုန် အဝယ် အိတ် (၃၀၀)ခန့်ရှိပါသည်။ ကုလားပဲ (HL)တစ်တင်းကို (၇၆၀၀၀ - ၇၇၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်း ကို (၈၇၀၀၀ - ၈၈၀၀၀)ကျပ်ဖြင့်မြို့တွင်း ခွဲစက်သမားများနှင့် နယ်စုံအဝယ် တစ်ရက်ကိုအိတ်(၃၀၀)ခန့် ရှိပါသည်။

     ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၈၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၇၂၀၀၀)ကျပ်ဖြင့် ဈေးအေးနေပြီး တစ်ရက်ကိုအိတ် (၂၅၀-၃၀၀)ခန့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိနေပါသည်။ ဘိုကိတ်ပဲတစ်တင်းကို (၇၄၀၀၀)ကျပ်ဈေးဖြင့် တစ်ရက်ကို မြို့တွင်းနှင့် ရန်ကုန် အဝယ် တစ်ရက် ကိုအိတ် (၂၀၀)ခန့် အဝယ်ရှိပါသည်။

     ဧပြီပထမပတ်တွင်း စားတော်ပဲသစ်များအဝင်ရှိပြီး ပဲတစ်တင်းကို (၁၂၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၂၅-၃၀)ခန့်မြို့တွင်းအဝယ်ရှိပါသည်။  ပြည်ကုန်စည်ဒိုင်တွင်ပဲမျိုးစုံအရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)