ကုန်သွယ်မှုသတင်းများ
ငရုတ်သီးခြောက်သည် စားဖိုချောင်သုံးသီးနှံထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ငရုတ်သီးခြောက်ကို အမှုန့်ပြုလုပ်၍ အရောင်တင်မှုန့်၊ အလှော်မှုန့်၊ အကြမ်းမှုန့်ဟူ၍ လူအများ နေ့စဉ် စားသုံးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ငရုတ်သီးခြောက်စိုက်ဧကအနည်းငယ်ရှိသော်လည်း ဈေးကွက်တင်ရောင်းချနိုင်မှုနည်းကြောင်း သိရပါသည်။ ငရုတ်သီးအစိမ်းသာ စိုက်ဧကရှိပြီး အထွက်ရှိသဖြင့် ဈေးကွက်တွင် ရောင်းချကြပါသည်။ ပြည်ဒေသအတွင်း ငရုတ်ခြောက်စားသုံးမှုအနေဖြင့် ငရုတ်ခြောက်အပွနှင့် ဗီယက်နန်ခြောက်အပွကို ဆင်ဖြူကျွန်းနှင့် ရန်ကုန

ပြည်ခရိုင်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လတွင် မိုးနှမ်းများစိုက်ပျိုးနေချိန်ဖြစ်ပြီး စိုက်ဧကမှာ (၉၀၀၀) ကျော်ခန့်ရှိသည်ဟုသိရပါသည်။ ပြည်ဈေးကွက်သို့ ယခုအချိန်တွင် နှမ်းဝင်ရောက်မှုမရှိဘဲ ယခင်လက်ကျန်အနည်းငယ်ဖြင့်သာ အရောင်းအဝယ်ရံဖန်ရံခါဖြစ်ကြောင်း သိရပါသည်။ ပြည်ဒေသအတွင်း ဆီစက်သမားများက ယခင်လှောင်ထားသည့် နှမ်းလက်ကျန်ကိုထုတ်၍ ဆီများကြိတ်ခွဲနေကြောင်းသိရပါသည်။ နှမ်းနက်နှင့် စမုံနက်နှမ်းကို ဝယ်လက်အဝယ်သိပ်မရှိသဖြင့် အရောင်းအဝယ်မဖြစ်၍ ဈေးငြိမ်နေခြင်းဖြစ်ပါသည်။ မိုးနှမ်းများသည် လာမည့်ဩဂုတ်လနှ

ဈေးကွက်အတွင်း ဘဲဥဈေးနှုန်းများ ကောင်းလျက်ရှိသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်အတွင်း စီးပွားဖြစ် ဘဲမွေးမြူခြင်း၊ တစ်နိုင်တစ်ပိုင် ဘဲမွေးမြူခြင်း လုပ်ငန်းများ ပိုမို များပြားလာကြောင်း သိရှိရပါသည်။
ဘဲသည် ကြက်ကဲ့သို့ မဟုတ်ဘဲ မွေးမြူရလွယ်ကူသည့်အပြင် မိုးရာသီဖြစ်သည့်အလျောက် ၎င်းတို့၏ သဘာဝအစားအစာဖြစ်သော ရေမှော်၊ ပိုးမွှားကောင်သေး၊ တီကောင် စသည်တို့ ပိုမိုပေါများသည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း သိရှိရသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၌ နွေနှမ်းများရိတ်သိမ်းပြီးဖြစ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် နွေနှမ်းများရိတ်သိမ်းပြီးစီးသွားသော ဝါးတောအုပ်စု၊ ဝါးတောကျေးရွာသို့သွားရောက်၍ နွေနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် အကျိုးအမြတ်အားသိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ပါသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊
