
ပြောင်းဖူးသည် ပြည်ပဝင်ငွေရရှိသည့်သီးနှံမျိုးဖြစ်ပြီး လူကြိုက်နှစ်သက်မှုများသော သီးနှံဖြစ်သည်။ ပြောင်းဖူးတွင် သကြားပြောင်း၊ ထောပတ်ပြောင်းဟူ၍ အမျိုးအစားများရှိပြီး သကြားပြောင်းဖူးမှာ လူကြိုက်အများဆုံးဖြစ်သည်။ ပြောင်းဖူးသည် လူများစားသုံးရန်သာမက တိရစ္ဆာန်အစာများအတွက်လည်း အသုံးဝင်ပါသည်။ ပြောင်းဖူးသည် အာဟာရဓါတ်များစွာပါဝင်သည့်အတွက် လူတိုင်းနီးပါးစား သုံးကြပြီး စျေးကွက်ဝင်သော သီးနှံဖြစ်သည်။
ထားဝယ်မြို့တွင် ပြောင်းဖူးစိုက်ပျိုးသူနည်းပါးသဖြင့် အခြားပြည်နယ်များမှ ဝယ်ယူတင်သွင်းရသဖြင့် စျေးနှုန်းအနည်းငယ်ကွာခြားမှုရှိပါသည်။ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာစျေးကြီးများနှင့် ရပ်ကွက်စျေးများတွင် ပြောင်းဖူးအစိမ်းတစ်ဖူးလျှင် (၈၀၀) ကျပ်မှ (၁၀၀၀)ကျပ်ခန့် ရရှိကြောင်းသိရှိ ရပါသည်။
DOCA(တနင်္သာရီ)