ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jun 2023

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက ပူးပေါင်း၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

06 Jun 2023

     ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း မုံရွာမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၃၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်လျှင် (၄၁၀၀)  ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ

06 Jun 2023

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

05 Jun 2023

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။

05 Jun 2023

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှ အထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

Pages