ဈေးကြီးပေမဲ့ ရန်ကုန်မှ ပန်းဂေါ်ဖီစိမ်း ဝင်ရောက်မှု နည်း၍ ဈေးနှုန်းမြင့်တက်သော်လည်း ရောင်စးအားကောင်းလျက်ရှိ

Powered by Drupal

             မအူပင်ကုန်စိမ်း စျေးကွက်သို့ ၂၀၂၅ ခုနှစ်မတ်လတတိယပတ်အတွင်း ပန်းဂေါ်ဖီစိမ်းများ ဝင်ရောက်မှုနည်း သွားသည့်အတွက် စျေးအနည်းငယ်မြင့်သွားကြောင်း သိရပါသည်။ မအူပင်မြို့နယ်သို့   ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသည့်  ပန်းဂေါ်ဖီပွင့်စိမ်းများ စျေးကွက်အတွင်း သီတင်းကျွန်လတည်းက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခု ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မအူပင်စျေးကွက်အတွင်း  ပန်းဂေါ်ဖီပွင့်စိမ်း မှာအရောင်းသွက်သော်လည်း ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိပြီး ရန်ကုန်မှ အဝင်နည်းလျှက်ရှိသည်။

            အစိမ်းရောင်ရင့်ရင့်ပန်းဂေါ်ဖီစိမ်းသည် အဟာရဓါတ်ကြွယ်ဝပြီး အစားချေဖျက်ခြင်း၊ နှလုံးနှင့် သွေးကျောများစနစ်၊ ကိုယ်ခံအားစနစ် ကင်ဆာကာကွယ်နိုင်တဲ့ ဓါတ်သတ္တိတို့ အများအပြားပါဝင်ပါသည်။ ဆိုဓီယမ်းနှင့် ကယ်လိုဒီပါဝင်မှု နည်းပါးပြီး အဆီလုံးဝမပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့် မအူပင်မြို့နယ်အတွင်း ရောင်းအားကောင်းလျှက်ရှိသောကြောင့် ကုန်စိမ်းသည်များက ရန်ကုန်မှာ မှာယူရောင်းချကြောင်း သိရသည်။

             မအူပင် ကုန်စိမ်း စျေးကွက်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ တတိယပတ်အတွင်း ပန်း‌ဂေါ်ဖီပွင့် စိမ်းလက္ကားစျေးမှာ တစ်ခုလျှင်  ၁၂၀ဝိ/-နှင့် ၁၃၀ဝိ/- စျေး၊လက်လီစျေးမှာ  ၁၅၀ဝိ/- နှင့် ၁၈၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် မတ်လအတွင်း ပန်းဂေါ်ဖီစိမ်း လက်ကားဈေးမှာ တစ်ခုလျှင် ၁၅၀၀/-နှင့် ၁၈၀၀/-၂၀၀၀/-ဈေး လက်လီဈေးမှာ ၂၀၀၀/-နှင့် ၂၅၀၀-၃၀၀၀/-ထိ ဈေးမြှင့်တက်လာပြီး ရန်ကုန်မှ အဝင်နည်းလာကြောင်း သိရသည်။  ပန်းဂေါ်ဖီစိမ်းများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး၊ ရန်ကုန် သီရိမင်္ဂလာဈေးမှ  ကုန်စိမ်းကား ပန်းဂေါ်ဖီစိမ်း ကားဝင်ရောက်မှုမှာ နေ့စဉ်တစ်ရက်လျှင် Canter (၆) ဘီးကား (၂)စီး ဝင်ရောက်လျက်ရှိပြီး ယခင်ကဆိုလျှင် တစ်နေ့ကို ကုန်စိမ်းကား (၆)စီးထိဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)