
၂၀၂၅ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ရှိ ဓနုဖြူဆီကိုယ်စားလှယ်သို့ ရန်ကုန်မြို့ရှိ Resources Group Trading Co.Ltdမှ ထုတ်ယူခဲ့သော စားအုန်းဆီ ဓနုဖြူမြို့နယ်အတွက် မတ်လအတွင်းရရှိသော ဆီခွဲတမ်း ၁ရက်ကို ဆီပေပါ ၂၂လုံး၊ Myanmar TopNet Co.Ltdမှ ထုတ်ယူခဲ့သော ပေပါ ၆လုံး စုစုပေါင်း ၅၃၆ ပေပါသည် ဓနုဖြူမြို့သို့ နေ့စဉ်ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူ ဆီထုတ်ကိုယ်စာလှယ် ဆီထုတ်ယူနေမှုကို စနစ်တကျ ထုတ်ယူနိုင်ရေး သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်းစျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ် ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)