ကုန်သွယ်မှုသတင်းများ
၂၀၂၃ ခုနှစ် မေလ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ် သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၄၄၅၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါ သည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)
လူသားတိုင်း နေ့စဉ် အစာနဲ့ရေကို ပြင်ဆင်ချက်ပြုတ်ရာတွင် လောင်စာတောင့်အသုံးပြုသူများလည်း ရှိကြပါသည်။ လောင်စာတောင့် အဝိုင်းနှင့် အတောင့်ဟူ၍ (၂)မျိုးရှိပါသည်။ လောင်စာအဝိုင်းတွင် ပါဝင်မှုများမှာ လွှစာ၊ မီးသွေးမှုန့်၊ ရွံ့ရည် (အင်ဂျင်ဝိုင်အပျစ် အနေအထား မရောက်တစ်ရောက် ဖျော်စပ်ရပါမည်)။ ထို(၃)မျိုးရောစပ်ပြီး အဝိုင်းပုံစံခွက်များဖြင့် ရိုက်ထုတ်၍ အခြောက်ခံပြီး ခြောက်သွေ့မာကျောသွားလျှင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထအပတ်)တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီသီးနှံ ဝင်ရောက်မှုနည်းသွားကာ အောင်လံ၊ တောင်တွင်းဘက်မှသာအဝင်ရှိပြီး လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများကြောင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၂၃၀၀၀ခန့်သာ အဝင်ရှိနေပါသည်။ အဝင်နည်းသလို အရောင်းအဝယ်မှာလည်း ပါးနေကြောင်း သိရပြီး ဈေးနှုန်းမှာလည်း လက်လီ/လက်ကား တစ်ပိဿာလျှင် ကျပ် ၂၂၀၀ - ၂၅၀၀ တို့ဖြင့် ရောင်းချလျက်ရှိသည်။

ပြည်ဈေးကွက်တွင် ယခုအချိန်တွင် ဒညင်းသီးများကို မော်မြိုင်နှင့် ဒူယားဘက်မှ ဒညင်းသီးများ အဝင်လှိုင်လာသဖြင့် ဈေးနှုန်းများမှာ ယခင်ပေါ်စဈေးနှုန်းများနှင့်ယှဉ်လျှင် ဈေးများ ကျဆင်းလာခဲ့ပါသည်။ ဒညင်းသီးကို လူအများကြိုက်နှစ်သက် ကြသော်လည်း တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း အနည်းငယ်သာ စားသုံးသင့်ပါသည်။

ပြည်ဈေးကွက်တွင် စားဖိုချောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူမှာ ရှမ်းပြည်နယ်မှ အဝင်ရှိသော ရှမ်းမွှာများရှိသလို မန္တလေးဘက်မှဝင်သော ကြူကုတ်များလည်းရှိပါသည်။ ပွဲရုံများမှ ရှမ်းစ လက်ကားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ် ဖြင့်လည်းကောင်း၊ ကြူကုတ်တစ်ပိဿာလျှင် လက်ကား (၆၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ဒေသတွင်းအပြင် Online ဈေးကွက်တွင်ပါ ကြူကုတ် (အကြီး) တစ်ပိဿာလျှင် (၇၆၀၀)ကျပ်၊ ရှမ်းစကြက်သွန်ဖြူ အကြီးတစ်ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ
