ဓနုဖြူမြို့နယ် နွေစပါး GW-11စိုက်ပျိုးထွက်ရှိမှု အခြေအနေ

Powered by Drupal

          ဓနုဖြူမြို့နယ် တောင်သူ ဦးတင်ရွှေထော်ကွဲကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ ဓနုဖြူမြို့နယ်တွင် နွေစပါး GW-11 ကို ကွင်းအမှတ် က(၁၀၄)တွင် ၁၃ဧက စိုက်ပျိုးထားကြောင်းသိရသည်။

          နွေစပါးကို သီတင်းကျွတ်လပြည့်နေ့တွင် စတင်စိုက်ပျိုးပြီး ဒေသတွင်း မျိုးစိုက်ပျိုးကြောင်း။ မျိုး၁တင်းလျှင် ငွေကျပ် ၂၀၀၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရသည်။ ၁ဧကလျှင် ၃တင်းနှုန်း ကျဲပတ်စိုက်ပျိုးရသည်။ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  တစ်ဧကလျှင် ငွေကျပ် (၁၀)သိန်းကျပ်မှ (၁၂)သိန်းကျပ် ခန့် ကုန်ကျကြောင်း၊ ထွက်ရှိမှုအနေဖြင့် ၁ဧကလျှင် ပျမ်းမျှ(၁၄၀)တင်းနှုန်းခန့် ထွက်ရျိကြောင်း စိုက်ပျိုးသူတောင်သူဦးတင်ရွှေ ပြောပြချက်အရသိရသည်။ ၂၀၂၅ခုနှစ် မတ်လအတွင်း စပါးဈေး အနည်းငယ်ကျဆင်းသဖြင့် ယနေ့နွေစပါး ပေါက်ဈေး (၁၁)သိန်းကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ နွေစပါးကို ဒေသတွင်း စပါးဝယ်ယူသူပွဲစား ကုန်သည်များထံ ရောင်းချကြောင်း သိရသည်။

DOCA(ဧရာဝတီ)