ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် အုတ်ရိုက်လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် အသုံးပြုလျက်ရှိသော ဘိလပ်မြေကို အခြားဒေသများမှ တင်သွင်းကြပြီး (၁.၅.၂၀၂၃) ရက်နေ့မှ (၁၄.၅.၂၀၂၃) ရက်နေ့အတွင်း ဘိလပ်မြေအိတ်ပေါင်း (၁၀၆၉၀)အိတ် တင်သွင်းလာကြောင်း မြို့ဦးဂိတ် စာရင်းများအရ သိရှိရပါသည်။ ဈေးနှုန်းများအနေဖြင့်လည်း ယခုအပတ်အတွင်း Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၁၀၅၀၀)ကျပ်ဖြင့် အရောင်းဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် Apache ၊ KBZ ၊ Dragon တစ်အိတ်လျှင် (၃၀၀)ကျပ်ဖြင
ကယားပြည်နယ်တွင် (၉-၅-၂၀၂၃) ရက်နေ့မှ (၁၅-၅-၂၀၂၃) ရက်နေ့အထိ ရန်ကုန်မြို့မှ ဆန်(၅၃၀၀)အိတ်(၂၆၅)တန်ခန့်လည်းကောင်း၊ ရွှေဘိုမြို့မှ ဆန်(၁၃၉၀)အိတ်(၆၉)တန်ခန့်လည်း ကောင်း၊ မန္တလေးမြို့မှဆန်(၂၂၀)အိတ်(၁၁)တန်ခန့်လည်းကောင်း ကယားပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုများပြုလုပ်ခဲ့ပါကြောင်း ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

၂၀၂၃ ခုနှစ် ၊ မေလတတိယပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၃၂၀၀ ကျပ် နှင့် ငစိန်တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၃၀၀၀ ကျပ် ၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာ ၂၂၀၀ ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊
မိတ္ထီလာစျေးကွက်မှ ၂၀၂၃ ခုနှစ်၊ မေလလယ်အတွင်း ကြက်သွန်နီကို ရန်ကုန်သို့ တင်ပို့မှုနည်းပြီး ပဲခူးသို့ ပုံမှန်တင်ပို့ခဲ့ပါသည်။ မြဝတီသို့ လက်ကျန်အမှာကုန်များ တင်ပို့ပါသည်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီးကားနှင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၆၀၀၀)ခန့် တင်ပို့ခဲ့ပါသည်၊၊ ပဲခူးသို့ ကုန်ချိန် (၆၀၀၀) ပါ (၆) ဘီးကား တစ်ရက်တစ်စီး တင်ပို့ခဲ့ပြီး မြဝတီသို့ ကုန်ချိန် ပိဿာ (၁၀၀၀၀) ဆံ့ (၁၂) ဘီးကား တစ်ပတ်အတွင်း တစ်စီးတင်ပို့ခဲ့ပါသည်။ ကြက်သွန်နီစျေးမှာ လက္ကားစျေး တစ်ပိဿာ ၂၀၀
ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူ ကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ချင်းကို ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချ
