ကုန်သွယ်မှုသတင်းများ
မိတ္ထီလာစျေးကွက်မှ ၂၀၂၃ ခုနှစ်၊ မေလလယ်အတွင်း ကြက်သွန်နီကို ရန်ကုန်သို့ တင်ပို့မှုနည်းပြီး ပဲခူးသို့ ပုံမှန်တင်ပို့ခဲ့ပါသည်။ မြဝတီသို့ လက်ကျန်အမှာကုန်များ တင်ပို့ပါသည်။ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ (၁၂) ဘီးကားနှင့် အခြားကုန်များနှင့်ရော၍ ကုန်ချိန်ပိဿာ (၆၀၀၀)ခန့် တင်ပို့ခဲ့ပါသည်၊၊ ပဲခူးသို့ ကုန်ချိန် (၆၀၀၀) ပါ (၆) ဘီးကား တစ်ရက်တစ်စီး တင်ပို့ခဲ့ပြီး မြဝတီသို့ ကုန်ချိန် ပိဿာ (၁၀၀၀၀) ဆံ့ (၁၂) ဘီးကား တစ်ပတ်အတွင်း တစ်စီးတင်ပို့ခဲ့ပါသည်။ ကြက်သွန်နီစျေးမှာ လက္ကားစျေး တစ်ပိဿာ ၂၀၀
ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၊ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူ ကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပါသည်။ ချင်းကို ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှရရှိသော စိုက်ပျိုးရေဖြင့် နွေစပါးကိုစိုက်ပျိုးလျက်ရှိသည့်အပြင် ပိုလျှံသောဆည်သောက်ရေဖြင့် နွေနှမ်းများ စိုက်ပျိုးထားရှိရာတွင်လည်း အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။
၂၀၂၃ခုနှစ်၊ မေလ(တတိယပတ်)အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၆၁၅၀-၆၁၈၀) ၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၅၅၀-၂၆၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀)ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၁၈၅၀-၁၉၀၀) ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၇၅၀၀၀) ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၆၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀
ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင် ၂၀၂၃ ခုနှစ်မေလ ဒုတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်(၄၅၀၀) ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၈၀၀)ကျပ်၊ မဂျမ်းတော(ဟောင်း) တစ်ပြည်လျှင်(၄၂၀၀)ကျပ်၊ (အသစ်) တစ်ပြည်လျှင်(၃၇၀၀)ကျပ်၊ ပုသိမ်ပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ မနောသုခ တစ်ပြည်လျှင်(၂၇၀၀၊၃၀၀၀)ကျပ်၊ ကုလားပဲခြမ်း တစ်ပြည်လျှင်(၆၄၀၀)ကျပ်၊ ပဲထောပတ် တစ်ပြည်လျှင်(၅၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၂၅၀၊၂၈၀)ကျပ်၊ ဘဲဥ တစ်လု