ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2023

      တောင်ငူမြို့ရှိ ဆန်ဆိုင်များတွင် ယခင်လကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၉၇၀၀၀ ကျပ် ဖြင့် ဈေးနှုန်း တည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ယခင်အပတ်က ၈၀၀၀၀ ကျပ်မှ ယခု အပတ်တွင် ၉၃၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ်လျှင် ယခင်အပတ်က ၆၄၀၀၀ ကျပ်မှ ယခု အပတ်တွင် ၆၈၀၀၀ ကျပ်သို့ ဈေးမြင့်တက်ခဲ့ပါသည်။             

19 May 2023

      တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တောင်ငူလယ်သမားများသည် မိုးစပါးများရိတ်သိမ်းပြီးသောအခါ နွေစပါးများ ကိုလည်းစိုက်ပျိုးကြပါသည်။ ဖြူးမြို့နယ်၊ ကျော်လှကြီးကျေးရွာရှိ တောင်သူလယ်သမားကြီး ဦးကျော်နိုင်စိုးသည် ယခုနှစ်နွေရာသီတွင် နွေစပါး (၁၂)ဧက စိုက်ပျိုးခဲ့ပါသည်။ စိုက်ပျိုးသည့်စပါး အမျိုးအစားများမှာ နှံကောက်နှင့် မင်းဧရာတို့ဖြစ်ပါသည်။

19 May 2023

      တောင်ငူမြို့ ညောင်ပင်ဈေးနှင့် သစ်သီးရောင်းချရာဆိုင်များတွင် မေလပထမပတ်မှ စတင်၍ စိန်တလုံးသရက်သီးများ ရောင်းချနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သရက်သီး အမျိုးအစားစုံလင်စွာ စိုက်ပျိုးကြပြီး စိန်တလုံးသရက်သီးမှာ ဈေးကောင်းရ၍ ဈေးကွက်အတွင်း မျက်နှာ ပန်းလှသော သရက်သီးအမျိုးအစားဖြစ်ပါသည်။

19 May 2023

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် ဧပြီလကုန်ပိုင်းက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၉၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး ဧည့်မထ ဈေးနှုန်းမှာ တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ဧပြီလကုန်ပိုင်းက တစ်ပိဿာလျှင် ၆၈၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

19 May 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက် ဖြင့် (၁၀-၅-၂၀၂၃) ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စု၊ ဘဲကြီးကျေးရွာမှ တောင်သူဦးအောင်ကျော်ထူးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages