ငရုတ်သီးကြော်လုပ်ငန်းကွင်းဆင်းခြင်း

Powered by Drupal

            မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်၍ စစ်ဆေးရေးအရာရှိ များသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်(၂၂-၃-၂၀၂၅) ရက်နေ့နံနက် (၀၉:၃၀) အချိန်တွင် ငရုတ်ကြော်လုပ်ငန်း များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

            ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက်ရှိ စိန်စိန် ငရုတ်ကြော် လုပ်ငန်းသို့ ထုတ်လုပ်မှုများနှင့် ဈေးနှုန်းဈေးကွက်အခြေအနေလုပ်ငန်းများအား တွေ့ဆုံမေးမြန်းရာတွင် ငရုတ် သီးခြောက်(အတောင့်)နှင့် ငရုတ်ခွဲခြမ်းများကို ပုံမှန်တစ်ပတ်လျှင် ၃ ကြိမ်ကြော်ပြီး ကုန်ပစ္စည်းမှာ ယူသည့်အခြေအနေပေါ်မူတည်၍လည်း ကြော်ရကြောင်း၊ တစ်ကြိမ်ကြော်လျှင် ငရုတ်အတောင့်၊ ငရုတ်ခွဲခြမ်းပေါင်း(၇၅) ပိဿာကြော်ရသည်။ ငရုတ်အတောင့်ကြော်တစ်ပိဿာလျှင် (၈၅၀၀)ကျပ်၊ ငရုတ်ခွဲကြမ်းကြော် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ဖြင့် ဒေသတွင်းဖြန့်ဖြူးရောင်းချ သည်။ ငရုတ်သီးအတောင့်(ကုန်ကြမ်း) ဝင်ရောက်မှုအနေဖြင့် ဒေသတွင်းနှင့်ပခုက္ကူ၊ ရေစကြိုတို့မှ ဝယ်ယူကြောင်း၊ ငရုတ်သီးအမျိုးအစားပေါ်တွင် ဈေးနှုန်းများကွာခြားလျက်ရှိသည်။ ငရုတ်သီးရောင်း ချသူပိုင်ရှင်အား ဈေးကွက်သို့ရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိစေရန်တို့ကို ဆွေးနွေးပြောကြားပြီး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ သည်။

DOCA(မန္တလေး)