“ရွှေဖရုံသီးစိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ရွှေဖရုံသီးနှံကိုလည်း ရာသီမရွေးစိုက်ပျိုးကြပါသည် ။ ရွှေဖရုံသီး မျိုးမှာ ဗူးသီးဖရုံ၊ ရွှေဖရုံမျိုး(အဝါရောင်)မျိုးဟူ၍ နှစ်မျိုးရှိပါသည် ။ တောင်သူများမှာလည်း(၂)မျိုး လုံးစိုက်ပျိုးကြကြောင်း၊ ရွှေဖရုံသီးစိုက်ပျိုးမည်စိုပါက(၁)ဧကလျင် မျိုးစေ့(၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးဈေးနှုန်းအနေဖြင့် မျိုးစေ့(၁)ထုပ်လျင် ဗူးသီးဖရုံမျိုး (၂၀)ဂရမ်ပါ (၁)ထုပ်လျင်(၂၀၀၀၀)ကျပ် ၊ ရွှေဖရုံမျိုး(အဝါရောင်) (၂၀)ဂရမ်ပါ (၁)ထုပ်လျင်(၁၈၅၀၀)ကျပ် ရှိကြောင်း ၊ ရွှေဖရုံသီးစိုက်ပျိုးရန် အတွက် ဘောင်များပြုလုပ်၍ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ရွှေဖရုံသီးစိုက်ပျိုးမှု တွင်စိုက်ပျိုးပြီး(၁)လခွဲတွင် အသီးများရင့်မှည့်ကာ ခူးဆွတ်ရောင်းချရပြီဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူသူများအနေဖြင့် ကျင်းတစ်ကျင်းကို (၉)ပေခြား၍ စိုက်ပျိုးကာ စင်တင်စိုက်ပျိုးကြ ကြောင်း ၊ အပင်တစ်ပင်လျင် အသီးပေါင်း(၁၅-၂၀)လုံးအထိ သီးကြောင်း ၊ (၁)ဧက အသီးအထွက် စုစုပေါင်း အလုံးရေ(၄၀၀၀)ကျော်အထိ ထွက်ရှိကြောင်း၊ ဖရုံသီးဈေးနှုန်းအနေဖြင့် ဗူးသီးဖရုံ(၁)လုံး လျင်(၅၀၀-၆၀၀)ကျပ် ၊ ရွှေဖရုံသီး အကြီး (၁)လုံးလျင် (၁၀၀၀-၁၅၀၀)ကျပ် ၊ ဖောက်သည်ဈေး အနေဖြင့် ဗူးသီးဖရုံ (၁၀)လုံးလျင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီးအကြီးမျိုး(၁၀)လုံးလျင်(၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားမှ စိုက်ခင်းထဲအထိလာရောက် ဝယ်ယူကြသလို ကုန်စိမ်းပွဲစားများမှတစ်ဆင့် မြို့ပေါ်ရှိဈေးများသို့ ပြန်လည်ရောင်းချပေးကြောင်း၊ ယခင်ကရွှေဖရုံသီးများကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးပြီး ၊ ယခုမှသာ တောင်သူများမှ စီးပွားဖြစ် ဧကလိုက်စိုက်ပျိုးလာကြပါသည်။(၁)ဧကအကျိုးအမြတ်အနေဖြင့်စိုက်ပျိုးစရိတ်နုတ်ပြီး(၆၀၀၀၀၀/-) ကျပ်ခန့်မြတ်ကြောင်း၊ ရွှေဖရုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)