ကုန်သွယ်မှုသတင်းများ

Powered by Drupal
17 May 2023

     မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ မေလ ပထမပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရသည်။ သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၆၀၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၅၄၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၅၈၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၁၀၀၀၀၊ အပါချီ တစ်အိတ် ကျပ် ၉၅၀၀၊ Crown တစ်အိတ် ကျပ် ၁၁၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိ

17 May 2023

      အစေ့ထုတ်ပြောင်းသီးနှံသည် ပြည်တွင်း မွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသောသီးနှံတစ်မျိုး ဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသီးနှံကို တောင်ပေါ်ဒေသများတွင် ဧကရီ၊ ရေဆင်းစပ်မျိုး(၃)နှင့် ရေဆင်းစပ်မျိုး(၅)တို့ကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေပြန့်ဒေသများတွင် ရွှေဝါ(၁)၊ စူဝမ်(၃)၊ ရေဆင်းစပ်မျိုး(၂)၊ ရေဆင်းစပ်မျိုး(၃)၊ ရေဆင်းစပ်မျိုး(၄)နှင့် ရေဆင်းစပ်မျိုး (၅)တို့ကို အဓိက ထားပျိုးကြပါသည်။

17 May 2023

     တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၂၀.၅၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၄၀၅)၊ သွင်းကုန် ပမာဏ အမေရိကန်ဒေါ်လာသန်း (၀.၁၂၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ(၀.၅၂၅) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၁)

17 May 2023

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ကလေးခရိုင်တွင် ဈေးအနည်းငယ်တတ်နေပြီး၊ ကလေးခရိုင်တစ်ခုသာ ဈေးအေးနေ ပြီး၊ ကျန်ခရိုင်အားလုံး ဈေးအနည်းငယ် ကျဆင်းနေပါကြောင်း သိရပါသည်။

17 May 2023

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရာသီစာပေါ်ဦးပေါ်ဖျား မန်ကျည်းရွက်နုများ ကန်သာယာဈေးသို့ လာရောက်ရောင်းချနေပြီဖြစ်ရာ တစ်ပိဿာ ၇၀၀၀-၈၀၀၀ ကျပ်ဖြင့် ရောင်းချနေရခြင်းကြောင့် မန်ကျည်းရွက်နု ခူးယူရောင်းချနေသူများ လတ်တလော စီးပွားရေးတွက်ခြေကိုက်နေကြကြောင်း မန်ကျည်းရွက်ခူးယူရောင်းချနေသူများထံက သိရသည်။

Pages