ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 May 2023

    ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် မေလ(၁)ရက်နေ့မှ (၇)ရက်နေ့(ပထမပတ်)အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကြက်သွန်နီကုန်ချိန်ပိဿာ(၆)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၃)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

16 May 2023

စင်ကာပူဈေးကွက်၌ သံသတ္တုရိုင်းဈေးနှုန်းမှာ မေလ ၈ ရက်၊ တနင်္လာနေ့တွင် ကျဆင်းခဲ့ပြီး ဩစတေးလျနှင့် ဘရာဇီးတို့မှ တင်ပို့ရောင်းချမှု အားကောင်းလာမှုနှင့်အတူ ထိပ်တန်းသံမဏိ ထုတ်လုပ်သူတရုတ်၏ ဝယ်လိုအား နှေးကွေးနေသဖြင့် တစ်တန်လျှင် ဒေါ်လာ ၁၀၀ အောက်ထိ ရောက်ရှိခဲ့သည်။

16 May 2023

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့မဈေးကြီးတွင် သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိသော ပခုက္ကူ၊ မုံရွာ၊မန္တလေးမြို့နှင့် ရေစကြိုမြို့ရှိ ကျေးရွာများ ညောင်တော၊ ကူတုတ်ရွာမှ သီးနှံအများဆုံးဝင်ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါသည်။

16 May 2023

အိန္ဒိယနိုင်ငံ၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ အီသနောပေးသွင်းမှုနှစ် (Ethanol Supply Year – ESY) အတွက် စာချုပ်ချုပ်ဆိုထားသော အီသနောလီတာပေါင်း ၅၁၄ ကုဋေအနက် ဧပြီလ ၃၀ ရက်နေ့အထိ လီတာပေါင်း ၂၃၃ ကုဋေကို ရေနံထွက်ကုန်ဖြန့်ဖြူးရေးကုမ္ပဏီများက လက်ခံရရှိပြီးဖြစ်ရာ လောင်စာဆီ၌ အီသနောရောစပ်မှုကို ယခင်နှစ်ကာလတူတွင် ဆောင်ရွက်နိုင်မှု ၁၀% ထက် ပိုမိုလျက် ၁၁.၆၅% သို့ တိုးတက်ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။ ယခု ESY နှစ်အတွက် ဓာတ်ဆီတွင် အီသနော ရောစပ်ပါဝင်မှုကို ၁၂% အထိ တိုးမြှင့်ရန် အိန္ဒိယအစိုးရက ရည်မှန်းထ

16 May 2023

၂၀၂၃ ခုနှစ်၊ အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morodok Techo အားကစားရုံ၏ ပရိဝုဏ်အတွင်း ဆိုင်ခန်းငယ်များ၌ ဈေးကွက်အသစ်များ ရှာဖွေမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဒေသထွက်စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်အမျိုးအမည်ပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသလျက်ရှိကြောင်း သိရှိရပါသည်။

Pages