ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၃)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် ၃၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့်လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)