ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများ မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးအလုံး(၁)ပိဿာလျှင်၂၀၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၅၀၀၀ကျပ်၊ စပျစ်သီးအချွန်း(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အပြင် ရွှေရင်အေးဆိုင်များမှ ဝယ်ယူကြသည့် အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)