ကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံတွင် ပန်းသီးတင်သွင်းမှုများသည် ပြည်တွင်း၌ ထုတ်လုပ်သောပန်းသီးများ၏ဈေးနှုန်းကို လျော့နည်းကျဆင်းစေခဲ့ပါသည်။ သို့ဖြစ်ရာ နိုင်ငံအတွင်းသို့ ပန်းသီးတင်သွင်းမှုကို ယခင်က ကင်းလွတ်ခွင့်ပြုထားရာမှ ယခုတားမြစ်ကန့်သတ်လိုက်ကြောင်း အိန္ဒိယအစိုးရက မေလ ၈ ရက်၊ တနင်္လာနေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ မေလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၂၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၅၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၇၀၀)ကျပ် ဖြစ်ပါသည်။
ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်၌ ရရှိခဲ့သော ပထဝီကုန်အညွှန်း အမှတ်အသားထုတ်ကုန် ရောင်းချရမှုတန်ဖိုး ဘတ်ငွေ ၄၈ ဘီလီယံထက် ပိုမိုလျက် ၂၀၂၃ ခုနှစ်တွင် ဘတ်ငွေ ၅ဝ ဘီလီယံသို့ တိုးတက်ရရှိမည်ဟု ခန့်မှန်းထားပါသည်။ ပထဝီကုန်အညွှန်းအမှတ်အသား (GI) ဆိုသည်မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဈေးကွက်တန်ဖိုး ပိုမိုရရှိစေရန် ထုတ်ကုန်တစ်ခုအား နိုင်ငံတစ်ခု၊ ဒေသတစ်ခု သို့မဟုတ် နေရာဌာနတစ်ခုတွင် ထုတ်လုပ်ပြီး ထူးခြားသော ဝိသေသလက္ခဏာများ သို့မဟုတ် အရည်အသွေးများကို

အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၂.၅.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ဖြစ်ပြီး ယခုအပတ်(၉.၅.၂၀၂၃)ရက်နေ့ တွင်လည်း ကျပ်(၂၈၀၀၀၀မှ၂၅၅၀၀၀)ရှိခဲ့၍ ဈေးနှုန်းမှာပြောင်းလဲခြင်းမရှိပဲ (၄၃၀)အိတ် အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ အရောင်းအဝယ်အနည်းအပါးမျှသာ ရှိနေသေးပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
အစိုးရက ထောက်ပံ့ပေးသည့် ဓာတ်မြေဩဇာများအား စက်မှုကုန်ထုတ်လုပ်ငန်းများသို့ လွှဲပြောင်းသုံးစွဲခြင်းကို တားဆီးရန်နှင့် အရည်အသွေးအာမခံချက်ရှိစေရန် လုပ်ဆောင်မှုအဖြစ် စံသတ်မှတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သော ကုမ္ပဏီ ၁၁၂ ခု၏ လုပ်ငန်းလိုင်စင်များအား ဖျက်သိမ်းခဲ့ကြောင်းနှင့် လွန်ခဲ့သည့်ခြောက်လအတွင်း လုပ်ငန်းပေါင်း ၃၇၀ ကျော်ကို စစ်ဆေးခဲ့ပြီးနောက် အမှုဖွင့်အရေးယူမှု ၃၀ မှုရှိခဲ့ကြောင်း အိန္ဒိယ ဓာတုပစ္စည်းနှင့် ဓာတ်မြေဩဇာဝန်ကြီးဌာနက မေလ ၉ ရက်၊ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။