ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော သခွားမွှေးသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း၊ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့သစ်သီးလက်လီ၊လက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော သခွားမွှေးသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ သခွားမွှေးသီး အလုံးကြီး(၁)လုံးလျှင် ၄၀၀၀ကျပ်၊ သခွားမွှေးသီးအသေး(၁)လုံးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ သခွားမွှေးသီးသည် ရာသီပေါ်အသီးတစ်မျိုးဖြစ်ပြီး လူကြိုက်များကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)