ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ လိမ္မော်သီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

          လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည် ဖြင့်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးအလုံးကြီး(၁)လုံးလျှင် ၁၀၀၀ကျပ်၊ ရွှေလိမ္မော်သီး(၁)ပိဿာလျှင်၂၂၀၀၀ကျပ်၊ ပျားလိမ္မော် သီး(၁)ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက် သည့်အတွက် လိမ္မော်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)