ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ ဖရဲသီးဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် ဖရဲသီးများ ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ဒေသတွင်းမှလည်းကောင်း ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ မတ်လ တတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ လျက်ရှိသော ဖရဲသီးဈေးနှုန်းများမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ဖရဲသီးအလုံးကြီး(၁)လုံးလျှင် ၇၀၀၀ကျပ်၊ ဖရဲသီးအလတ်(၁)လုံးလျှင် ၅၀၀၀ကျပ်နှင့် ဖရဲသီးအသေး(၁)လုံးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဖရဲသီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့် လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိ ရပါသည်။

DOCA(စစ်ကိုင်း)