ကုန်သွယ်မှုသတင်းများ
ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ မေလ(ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၁၀၀၀)၊ Civit အလုံး(၁၀၀)ပါ (၁)ဘူးလျှင် ကျပ်(၂၀၀၀)၊ Paracetamol (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၈၀၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၅၀၀)၊ Enorvon-C (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၄၀၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၂၀၀၀)၊ Cetrine (၁၀)လုံး ပါ(၁)ကဒ်လျှင် ကျပ်(၂၀၀)၊ ဓာတ်ဆာ
ပခုက္ကူမြို့၌ ယခု မေလ(ဒုတိယပတ်)တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းမှာ မေလ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်ဈေးတက်လာသည်ကို တွေ့ရှိရပါသည်။ ယခုတစ်ပတ်၌ ဈေးနှုန်းများမှာ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၈၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဓာတ်မြေဩဇာဈေးနှုန်းမှာလည်း အနည်းငယ်ကျဆင်းပြီး ပိုးသတ်ဆေးဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင် သရက်ပင်ကို အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။ သရက်သီးအမျိုးပေါင်းများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုးအရသာမတူညီကြသော်လည်း ခန္ဓာကိုယ်အတွက် ကျန်းမာရေးအထောက်အကူပြုရာတွင် အတူတူဖြစ်ပါသည်။ စိုက်ပျိုးရာတွင် စိန်တစ်လုံးသရက်၊ ရင်ကွဲသရက်၊ မချစ်စုသရက်၊ ဘဲလေး သရက်၊ သရက်သခွားနှင့် ပတ္တမြားငမောက်သရက်များကို အများဆုံးစိုက်ပျိုးကြသည်။
အာဆီယံစီးပွားရေးအသိုက်အဝန်းအသေးစိတ်အစီအစဉ် ၂၀၂၅ အား အကောင်အထည်ဖော်ဆောင်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဒေသတွင်းငွေပေးချေဆက်သွယ်ဆောင်ရွက်မှု တိုးတက်ရေးနှင့် ဒေသသုံးငွေကြေးသို့ ကူးပြောင်းမှု မြင့်တင်ရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်မူကြမ်းကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က မေလ ၉ ရက်နေ့တွင် လက်ခံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။
မကွေးမြို့ ကန်သာဈေး၌ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။