
မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဥပေါ်ချိန်တွင် မိမိကြိုက်နှစ်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်း ပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဉများခြောက်သွားသောအခါ လေလုံ အောင်ပိတ်ထား၍ သိမ်းဆည်းပြီး မုန်လာဥဖြူခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ မုန်လာဥ ဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဥအော်ကွေ့ကြည် လုပ်၍လည်းစားသုံးကြပါသည်။ ထားဝယ်မြို့တွင် မုန်လာဥဖြူတစ်စီးလျှင်(၃၀၀၀)ကျပ်ရှိကြောင်း စျေးရောင်းသူတစ်ဦးထံမှ သိရှိရ ပါသည်။
DOCA(တနင်္သာရီ)