ကုန်သွယ်မှုသတင်းများ
ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂.၀၆ သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ ၃၈.၀၆ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကုန်စည်ပမာဏ၌ ၈.၄၈% တိုးတက်လျက် တန်ဖိုးအားဖြင့် ၂၉.၂၆% တိုးတက်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတကာဆန်ဈေးအနေဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ၂၀၂၃ ခုနှစ်တွင် တစ်တန်လျှင် ၅၁၀ ဒေါ်လာအထိ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းလျက်ရှိသည်။
ဝါရှင်တန်မြို့တွင် ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် နှစ်စဉ်ကုန်စည်ဈေးကွက်အလားအလာခန့်မှန်းချက်တွင် ယခုနှစ်ပထမသုံးလပတ်တွင် အားကောင်းသောဝယ်လိုအားနှင့် ကြပ်တည်းသည့်ထောက်ပံ့မှုများကြောင့် ဆန်ဈေးနှုန်းမှာ ၁၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။

ကယားပြည်နယ်တွင် ကုန်စည်များပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ မေလ(ပထမပတ်)တွင် ဆန်တင်သွင်းမှုမှာ (၁၇၅၅)အိတ်/(၈၉)တန်၊ ကုန်စုံ(၁၃)စီး၊ မြေဩဇာ(၄၃၅)အိတ်၊ ဘိလပ်မြေကား(၂)စီး၊ အချိုရည်(၁)စီး၊ ကြက်ဥ(၄၄၅၀)ကတ်တင်သွင်းခဲ့ပြီး အခြားပြည်နယ်သို့ ပြောင်းတင်ပို့မှုမှာ (၁၅၂၅)အိတ်/(၇၅)တန်တင်ပို့နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၃၅၀)အိတ်/(၁၇)တန်တင်ပို့နိုင်ခဲ့ပြီး ယခင်ဧပြီလ(ပထမပတ်) ဆန်တင်သွင်းမှုမှာ(၂၈၁၅)အိတ်/(၁၄၁)တန်၊ ကြက်သွန်နီတင

မလေးရှားနိုင်ငံ Kelantan ပြည်နယ်၌ စပါးစိုက်ခင်း ဟက်တာ ထောင်ချီမှာ ပူပြင်းသော ရာသီဥတုကြောင့် ယခုနှစ်တွင် မျှော်မှန်းထားသည့် အထွက်နှုန်းကို ရရှိနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကောက်ပဲသီးနှံတင်ပို့မှုသည် ဝယ်လိုအားကောင်းမွန်မှုအရ စံချိန်တင်အရေအတွက်နှင့် တန်ဖိုးပမာဏ ရောက်ရှိခဲ့ရာ ဘာစမာတီမဟုတ်သောဆန်တင်ပို့သူ အိန္ဒိယကုန်သည်များသည် ထိုကဲ့သို့ တင်ပို့နိုင်မှုကို လက်ရှိဘဏ္ဍာနှစ်၌ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။