ကုန်သွယ်မှုသတင်းများ

Powered by Drupal
09 May 2023

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ ပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့်အရောင်းအဝယ်ဖြစ်မှု တင်

09 May 2023

              မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်းသိရပါသည်။

09 May 2023

     ပခုက္ကူမြေပဲဈေးကွက်တွင် ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌ မြေပဲဈေးများမှာ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုတစ်ပတ်တွင် (၆)လမြေပဲများနှင့် (၃)လမြေပဲများ အနည်းငယ်ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြှင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ (၆)လမြေပဲဆံမှာ ဝင်ရောက်မှုနည်းပြီး ဈေးကွက်အနေဖြင့် ယခုတစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၆၆၀၀ မှ ၆၈၀၀)ထိဈေးရှိပြီး (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

09 May 2023

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မ၊ စည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် အနီးဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ၊ မြစ်ခြေကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

09 May 2023

      ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့်ပဲစင်းငုံနီမှာ ဈေးကောင်းရလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌  ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်တွင် ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၆၈၀၀ မှ ၇၇၀၀၀ )ကျပ်ထိဖြင့် နေ့စဉ် အိတ်ရေ (၁၀၀) မှ (၇၀၀) ထိအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်ပြင်ပပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

Pages