
ပြည်မြို့ပေါ်ရှီ ဈေးများတွင် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ ဟင်းချိုချက်၍ စားသောက် ရသော ပုတက်စာများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နွေရာသီပုတက်စာများပေါများချိန် ဖြစ်သည့်အတွက် ပြည်အနီးတဝိုက်နှင့် ရွှေတောင်ဘက်မှဝင်ရောက်မှုရှိပါသည်။ ပြည်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။ ရာသီစာဟင်းသီးဟင်းရွက်ဖြစ်၍ အဝင်ရှိ သလောက် ရောင်းချမှုလည်း ရှိပါသည်။ ဈေးနှုန်းမှာ ပုတက်စာ(၂)ပင်၊ (၃)ပင်စည်း တစ်စည်းလျှင် (၂၀၀-၃၀၀)ကျပ်ခန့်ရှိပြီး တစ်ခါချက်လျှင် (၃)စည်းခန့် ချက်ပြုတ်၍ ဘူးသီး၊ ပုဇွန်ခြောက်တို့ဖြင့် ရောနှောကာ ချက်ပြုတ်စား သောက်ရကြောင်း သိရပါသည်။
DOCA(ပဲခူး)