ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ယခုနှစ် နွေရာသီကာလ၌ စားသုံးဆီဖူလုံရေးအတွက် မင်းဘူးမြို့နယ်တွင် (၁၂၈၅၉) ဧက၊ ပွင့်ဖြူမြို့နယ်တွင် (၄၈၀၇၈) ဧက၊ ငဖဲမြို့နယ်တွင် (၇၇၅) ဧက၊ စလင်းမြို့နယ်တွင် (၂၈၈၄) ဧက၊ စေတုတ္တရာမြို့နယ်တွင် (၆၄၄) ဧက၊ စုစုပေါင်းနွေနှမ်းစိုက်ဧကပေါင်း (၉၁၂၀၂) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

မိတ္ထီလာခရိုင်တွင် ကြက်သွန်နီစျေးမှာ ယခင်တစ်ပတ် မေလဆန်းက တစ်ပိဿာ ၂၂၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ မြဝတီနှင့် မူဆယ်တို့မှ အဝယ်လိုက်သဖြင့် စျေးမြင့်ခဲ့ခြင်း ဖြစ်သည်။ မြဝတီမှ တစ်ကြိမ်လျှင် (၁၂) ဘီးကား (၁၀)စီးခန့်နှင့် မူဆယ်မှ တစ်ကြိမ်လျှင် တွဲကား (၅) စီး ဝန်းကျင်အဝယ်လိုက်လေ့ရှိပါသည်။ ယခုတစ်ပတ်တွင် ရာသီဥတုအခြေအနေအရ တင်ပို့မှုနည်းခြင်းတို့ ကြောင့်လည်းကောင်း၊ ရန်ကုန်အဝယ်အေးခြင်းကြောင့်လည်းကောင်း၊ စျေးနှုန်းအနည်းငယ်ပြန်အေး လာရာ နယ်စျေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိကျေးရွာများ၌ သရက်သီးများလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ သရက်ချဉ်လုပ်ငန်းကို အိမ်တွင်းစီးပွားရေးလုပ်ငန်းအနေဖြင့်လုပ်ကိုင်ကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

မေလ(ဒုတိယပတ်)အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီ တစ်ပိဿာလျှင် (၁၀၀၀၀-၁၃၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၅၅၀-၂၆၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၂၀၀-၃၂၅၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၈၅၀-၁၉၀၀) ကျပ်၊ ကုလားပဲ v2 တစ်တင်းလျှင် (၇၂၀၀၀-၇၃၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၄၀၀၀-၈၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်၊ ပဲစဉ်းငုံသစ် တစ်တင်းလျှင

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း မြေအောက်ရေဖြင့်စိုက်ပျိုးသော တိုင်ထောင်ခရမ်းချဉ်သီးများမှာ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိရပါသည်။
