ကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်သည် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများနှင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်၊ ငရုတ်သီးနှံများ အများအပြား စိုက်ပျိုးသောခရိုင်တစ်ခုဖြစ်ပါသည်။ ယခုအခါ သီးနှံများ ဖြစ်ထွန်းအောင်မြင်ရန် အသုံးပြုသည့် သွင်းအားစု ဓါတ်မြသြစျေးများ အနည်းငယ်ကျဆင်းနေသည်ကို တွေ့ရပါသည်။ ဧပြီလ သင်္ကြန်ကာလအပြီးတွင် MC (50 kg) တစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ ရွှေတောင် (50 kg) တစ်အိတ်လျှင် (၇၆၀၀၀) ကျပ်၊ ရွှေ ပျား (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ နေရွက်လှေ (50 kg) တစ်အိတ်လျှင် (၇၅၀၀၀) က
အိန္ဒိယနိုင်ငံ၏ ရေနံစိမ်းတင်သွင်းမှု ကာလတစ်လျှောက်တွင် အိုပက် (OPEC) အဖွဲ့ဝင်နိုင်ငံများထံမှ ဝယ်ယူမှုမှာ ၂၀၂၃ ခုနှစ် ဧပြီလ၌ အနိမ့်ကျဆုံး အခြေအနေသို့ ရောက်ရှိခဲ့ပါသည်။
ပခုက္ကူမြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ပျားလိမ္မော်၊ လိမ္မော်သီး၊ စပျစ်သီးများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀)အထက် အရောင်းရှိနေကြောင်း ဆိုင်ရှင်များ၏ပြောကြားချက်အရ သိရှိရပါသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ထန်းပင်၊ မန်ကျည်းပင်၊ တမာပင်နှင့် ဆီးပင်ကဲ့သို့သောသီးနှံပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း နေရာအနှံ့အပြားတွင် ဖြစ်ထွန်းလျက်ရှိပါသည်။ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးစိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရပါသည်။
