
ငါန်းဇွန်မြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ကုလားပဲသီးနှံကို မိုးစပါးများ ရိတ်သိမ်းပြီးချိန်တွင် စတင်စိုက်ပျိုးကြကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲ လျာထားဧက(၃၈၅၀)လျာထားပြီး (၃၇၀၈) ဧကသာစိုက်ပျိုးမှုရှိကြောင်း စိုက်ပျိုးရေးစာရင်းအရ သိရသည်။ ကုလားပဲမျိုးမှာ V2 မျိုးနှင့် ရိုးရိုးကုလားပဲမျိုး ဟူ၍ (၂)မျိုးရှိပြီး V2 မျိုးကိုသာ အများဆုံး စိုက်ပျိုးကြောင်း ဘုရားထူးကျေးရွာမှ တောင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။ ကုလားပဲ မျိုးကို အချို့တောင်သူများမှာ မိမိအိမ်တွင် သိမ်းဆည်းထားပြီး အချို့က မန္တလေးမြို့ ပွဲရုံများမှ ဝယ်ယူကြကြောင်း သိရသည်။ မျိုးဈေးမှာ တစ်တင်းလျှင် (၁)သိန်းကျပ်ဈေးရှိကြောင်း တစ်ဧကလျှင် (၁)တင်း/(၁)တင်းခွဲပက်ကြဲရကြောင်း၊ မြေဆီတစ်အိတ်လျှင်(၁၀၅၀၀၀)ကျပ်ဈေးနှုန်းရှိပြီး တစ်ဧက တစ်အိတ်ထည့်ပါကြောင်း ၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့်(၃၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း သိရ သည်။ တစ်ဧကအထွက်နှုန်းမှာ(၉/၁၀)တင်းခန့်ထွက်ရှိကြောင်း အကျိုးအမြတ်အနေဖြင့်(၃၅၀၀၀၀ ) ကျပ်ဝန်းကျင်ရရှိကြောင်း သိရသည်။ ယခင်နှစ်ဈေးနှုန်းမှာV2 တစ်တင်းလျှင်(၈၅၀၀၀)ကျပ်နှင့် ရိုးရိုး ကုလားပဲ တစ်တင်းလျှင် (၇၆၀၀၀)ကျပ်ရှိပြီး ယခုနှစ်ပေါ်စဈေးမှာV2 တစ်တင်းလျှင်(၇၅၀၀၀ )ကျပ် နှင့် ရိုးရိုးကုလားပဲတစ်တင်းလျှင် (၇၀၀၀၀)ကျပ်ဖြစ်ကြောင်း ၊ ရောင်းဝယ်မှုအနေဖြင့် မန္တလေးမြို့ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
DOCA(မန္တလေး)