ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 May 2023

     ကရင်ပြည်နယ်အတွင်း ပဲမျိုးစုံပေါ်ချိန် ရာသီကုန်ဆုံးခဲ့ပြီး ရာသီပိတ်သိမ်းချိန်တွင် ပဲမျိုးစုံဈေးကွက်လက်ကျန်ရှိပြီး အရောင်းအဝယ်အီနေသော်လည်း ဈေးမာနေကြောင်း သိရသည်။

     လက်ရှိ ပဲမျိုးစုံ ၁ ပိဿာ ဈေးကွက်ပေါက်ဈေးမှာ  ဘိုကိတ် ၂၈၀၀ ကျပ်၊ ပဲလွန်ဖြူ ၂၅၀၀ ကျပ်၊ ပဲပုပ် ၂၇၀၀ ကျပ်၊ ထောပတ်ပဲ ၄၈၀၀ ကျပ်၊ ပဲတီစိမ်း ၂၈၀၀ ကျပ်၊ ရွှေဝါ ၃၅၀၀ ကျပ်၊ ပဲကြီး ၄၇၀၀ ကျပ်၊ မြေပဲ ၇၅၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

15 May 2023

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

15 May 2023

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

15 May 2023

    ၁၅.၅.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည

15 May 2023

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ

Pages