ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း မြေအောက်ရေဖြင့်စိုက်ပျိုးသော တိုင်ထောင်ခရမ်းချဉ်သီးများမှာ အထွက်နှုန်းကောင်းပြီး ဈေးကောင်းရရှိနေကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိရပါသည်။

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပဲတီစိမ်း စိုက်ဧက(၉၅၉၈)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်(၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၁၉၀၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၉)ဧက ၊မြစ်သားမြို့နယ်တွင်(၁၆၁၅)ဧက၊ စုစုပေါင်း(၆၄၅၈) ဧကစိုက်ပျိုးပြီးစီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သိရှိရပါသည်။ပဲတီစိမ်းကိုမျိုးအနေဖြင့် ကျောက်စိမ်း၊ရေးဆင်း(၁၁)မျိုးများကို အများဆု
ရှေးယခင်မှ ယခုတိုင် နွေရာသီကာလရောက်ပြီဆိုလျှင် သောက်ရေအိုးအသစ်လေးများကိုဝယ်ယူသောက်သုံးကြကာ သောက်ရေအိုးလေးအား အေးမြစေရန် ရေစိုအဝတ်လေးပတ်ပြီး သောက်သုံးကြသည်မှာ ယနေ့တိုင် ကျေးရွာတော်တော်များများတွင် တွေ့မြင်နေရပြီး နေပူပူကပြန်လာပြီး သောက်ရေအိုးလေးထဲမှ ရေအေးအေးလေးကို သောက်လိုက်ရခြင်းဖြင့် အမောများပြေစေနိုင်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာဇံခရိုင် ၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားရာဒေသဖြစ်ပြီး ဆန် ၊ စပါးကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြပြီး နွေစပါး၊ မိုးစပါး နှစ်ရာသီလုံးစိုက်ပျိုးကြပါသည်။ယခုနှစ် နွေစပါးစိုက်ပျိုးမှုအနေဖြင့် ဆည်တော်ကြီးဆည် တည်ရှိရာဒေသဖြစ်သည့်အတွက် ဆည်ရေသောက်ကို အဓိကထားစိုက်ပျိုးကြပြီး ဆည်ရေသောက် စိုက်ဧက (၄၅၀၄၀)ဧက၊စက်ရေတွင်း(၂၅၁)ဧက၊ သဘာဝရေ(၂၆၇၃)ဧက၊ စုစုပေါင်း(၄၇၉၆၄)ဧက စိုက်ပျိုးထားပါသည်။ စပါးမျိုးကွဲအလိုက် စိုက်ပျိုးထားရှိမှုမှာ မနောသ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ ခုနှစ် ၊ မေလ ၊ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် (၃၄၀ဝိ/-)ကျပ် ၊ ဧရာပဒေသာဆန် (သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၈၀၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည် (၂၇၅ဝိ/-)ကျပ်၊ မနောသုခဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင် (၆၅၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀ဝိ/-) ကျပ် ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၀၀ဝိ/-)ကျပ်