
ထနောင်းပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် ပေါက်ရောက်သောအပင်တစ်မျိုးဖြစ် သည်။ထနောင်းရွက်နု များသည် ဆောင်းအကုန်နွေဦးစများတွင် ထွက်ပေါ်လာပြီးရာသီစာအဖြစ် ရောင်းချလေ့ရှိသည်။
မြင်းခြံမြို့ရှိစံပြဈေးနှင့် အေးမြသီတာဈေးများတွင်ရာသီပေါ် ထနှောင်းရွက်နုပြုပ်များ ရောင်းချနေပြီ ဖြစ်သည်။ထနောင်းရွက်နုပြုတ်တစ်ဆယ်သားလျှင်(၈၀၀ )ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။ ရာသီစာထနောင်းရွက်နုပြုတ်သည် မြန်မာ့ရိုးရာ အစားအစာ တစ်မျိုးဖြစ်ပြီး ထနောင်းရွက်နုများကိုအဓိကထား၍ ပြုလုပ်သော ဟင်းတစ်မျိုးဖြစ် သည်။ ရာသီစာထနောင်းရွက်နုပြုတ်ကို နွေဦးအစရာသီတွင် စားသုံးလေ့ရှိပြီး၊ ထိုကာလများတွင် ထနောင်းရွက်နုများ လတ်ဆတ်စွာရရှိနိုင်ပြီး အရွက်ပြုတ်သည် အာဟာရဓာတ်များစွာပါဝင်ပြီး၊ ကျန်းမာရေးအတွက် အထောက်အကူပြုသော ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ သံဓာတ်နှင့် အမျှင်ဓာတ်များပါဝင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း စသည့်ကျန်းမာရေး ကျေးဇူးများလည်းရှိသည်။ ရာသီစာထနောင်းရွက်နုပြုပ်ကို အတို့အမြှုပ်အဖြစ် ငါးပိရည်(သို့) ငံပြာရည်ချက်တို့နှင့် တွဲ၍စားသုံးနိုင်သလို၊ ထနောင်းရွက်နုပြုပ်ကို ကြက်သွန်နီ ဆီချက်၊ မြေပဲထောင်း၊ ရသာမှုံ့တို့နှင့်အတူသုပ်၍ မိသားစုဝင်များ၊မိတ်ဆွေသူငယ်ချင်းများနှင့်အတူ တကွစားသုံးနိုင်ပါသည်။
DOCA(မန္တလေး)