
မုန်ညှင်းဖြူသည် မြန်မာနိုင်ငံသမပိုင်း ဒေသများတွင် စိုက်ပျိုးလေ့ရှိသော အပင်မျိုးဖြစ်ပြီး၊ စိုက်ပျိုးရန်လွယ်ကူပြီး၊ လယ်မြေများတွင် သစ်စိမ်းမြေဩဇာများဖြင့် စိုက်ပျိုးကြသည်။ ထားဝယ်မြို့နယ် အတွင်းရှိ ကုန်စိမ်းဈေးများတွင် ရောင်းချနေသောမုန်ညှင်းဖြူ လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ပွဲရုံများတွင် လက်ကားဈေးတစ်ပိဿာလျှင် (၁၅၀၀)ကျပ်ဖြင့် အသီးသီးရောင်းဝယ် လျက်ရှိသည်။ မြို့နယ်အတွင်းဝင်ရောက်သွားမှုအနေဖြင့် ရန်ကုန်ကုန်စည်ဒိုင်မှ ဝင်ရောက်ကြောင်း သိရှိ ရပါသည်။ အမျှင်ဓာတ်ကြွယ်ဝသော ကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး အူလမ်းကြောင်း ကျန်း မာရေးကို ထောက်ပံ့ပေးသည်။ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးကာ အာဟာရ ဓာတ်ကြွယ်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့် နေ့စဉ်စားသုံး သင့်သော အစားအစာ တစ်ခုဖြစ်သည်။
DOCA(တနင်္သာရီ)