အညာဒေသတွင် မန်ကျည်းသီးမှည့်များထွက်ပေါ်

Powered by Drupal

မန္တလေးတိုင်းဒေသကြီးသည် အပူပိုင်းဒေသတစ်ခုဖြစ်သည့်အတွက် အပူပိုင်းဒေသတွင် ပေါက်ရောက်မှုများသည့် ထနောင်းပင်၊ သရက်ပင်၊ ထန်းပင်၊ မန်ကျည်းပင်များသည် အညာဒေသ၏ အပူဒဏ်ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးလျက်ရှိသလို ဒေသခံများ၏ အကျိုးစီးပွားကိုလည်း များစွာ အကျိုးပြုလျက်ရှိပါသည်။ အကျိုးပြုလျက်ရှိသောအပင်များမှ မန်ကျည်းပင်များသည် အလေ့ ကျပေါက်ရောက်မှုရှိသလို ရှေးယခင်လူကြီးသူမများအဆက်ဆက်မှလည်း နွေရာသီအပူဒဏ် ခံနိုင်ရန်နှင့် စားသုံးမှုအတွက်စိုက်ပျိုးခဲ့ကြ၍ မန်ကျည်းပင်များမှာ နေရာတော်တော်များများတွင် မြင်တွေ့နိုင်ပြီး နောင်လာနောင်သားများအတွက် အကျိုးပြုလျက်ရှိပါသည်။ မန်ကျည်းသီးမှာ မြန်မာ့ ဟင်းလျာများတွင်ဖြစ်စေ၊ အခြားစားသောက်ဖွယ်ရာများတွင်ဖြစ်စေ၊ ဆေးဝါးများတွင်ဖြစ်စေ စားသုံးမှု၊ အသုံးပြုမှုများသည့် အသီးတစ်မျိုးဖြစ်ပါသည်။ အချို့အောက်ပိုင်းဒေသများ၌ ယခုလို နွေရာသီမျိုးတွင် ထမင်းစားသုံးကြသည့်အခါ မန်ကျည်းသီးကိုရေစိမ်၍ ဆား၊ နံနံပင်၊ ကြက်သွန်နီ များထည့်၍ ဟင်းရည်အဖြစ်သောက်သုံးကြသည်များလည်းရှိပါသည်။ ဝမ်းမှန်ခြင်းကို အထောက် အကူပြုသလို ရာသီနှင့်လိုက်ဖက်သဖြင့် ထမင်းလည်းမြိန်စေပါသည်။ ယခုအချိန်အခါတွင် မန်ကျည်း သီးများစတင်ပေါ်ထွက်လျက်ရှိရာ ငါန်းဇွန်မြို့နယ် သရက်ကန်ကျေးရွာ၊ ညောင်ပင်ကုန်း၊ ကုန်းသာ၊ အောင်ချမ်းသာ၊ ထနောင်းပင်၊ တောင်လယ်တော စသည့်ကျေးရွာများတွင် မန်ကျည်းသီးမှည့်များ အရောင်းဝယ်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ မန်ကျည်းသီးကို ရောင်းဝယ်မှုပြုလုပ်သော ပွဲစား များမှ အပင်ပြတ်ဝယ်ယူမှုရှိသလို ပိဿာချိန်ဖြင့်လည်း အရောင်းအဝယ်ရှိကြောင်း သိရသည်။ အပင်ပြတ်ဝယ်ယူမှုအနေဖြင့် နှစ်(၂၀၊၄၀)ဝန်းကျင်ရှိ အပင်ကြီး(၅)ပင်ကို (၁၇၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အောင်ချမ်းသာကျေးရွာရှိ မန်ကျည်းပင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။ အပင်ပြတ်ဝယ်ယူရာတွင် အပင်အကြီးအသေးနှင့် အသီးအခြေအနေပေါ်မူတည်၍ ရောင်းသူဝယ်သူ ကျေနပ်သောဈေးနှုန်းများ အရောင်းအဝယ်ဖြစ်ကြပါသည်။ အောင်ချမ်းသာကျေးရွာရှိ မန်ကျည်းပင် ရှိသော ရွာသူရွာသားအများစုမှာ လက်ရှိတွင်ကျောက်ဆည်ဈေးကွက်သို့ သွားရောက်ရောင်းချ လျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသော မန်ကျည်းသီးဈေးနှုန်းများအနေဖြင့် အခွံချွတ်ပြီး (အစေ့ပါ) တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ အစေ့ထုတ်ပြီးတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် ဈေးရရှိလျက်ရှိ ကြောင်း သိရသည်။

DOCA(မန္တလေး)