ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Mar 2025

              တောင်ငူမြို့ ညောင်ပင်စျေးရှိ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးဘက်မှ ဖရဲသခွားမွှေးများလည်း လူကြိုက်များ၍ ‌ရောင်းအားကောင်းပါသည်။

21 Mar 2025

အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး နေရာဒေသမရွေး စိုက်ပျိုး၍ လွယ်ကူသည့် အပင်မျိုးဖြစ်ရာ တောင်ငူမြို့တွင်လည်း အိမ်ခြံဝင်းများ၌ အုန်းပင်များကို စိုက်ပျိုးကြပါသည်။ အုန်းသီးသည် မြန်မာ့ရိုးရာ မုန့်များတွင် မပါမဖြစ်သကဲ့သို့ မြန်မာ့ရိုးရာကိုးကွယ်သည့် ဘုရားပွဲ၊ နတ်ပွဲများ၊အလှူတော် မင်္လာပွဲများ တွင် အုန်းသီးသည် မပါမဖြစ်သည့် ပွဲတင်သစ်သီးဖြစ်ပါသည်။

21 Mar 2025

ပူပြင်းသောနွေရာသီနှင့် လိုက်ဖက်သည့် အေးမြ၍ချိုမြိန်သော သရေစာစားစရာများကို လူတိုင်း နှစ်သက်ကြပါသည်။ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ မန်ကျည်းဖျော်ရည်၊ သံပရာရည်နှင့် အခြားဖျော်ရည် များသည် ပူပြင်းလှသောနွေရာသီနှင့်လိုက်ဖက်သော စားစရာသောက်စရာများ ဖြစ်ပါသည်။

21 Mar 2025

              ဖြူးမြို့နယ် ညောင်ကားယာကျေးရွာရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်း မှ အားလပ်သည့်အချိန်များတွင် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျှက်ရှိ ပါသည်။ ဝါးခမောက်ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော ဝါးဖတ်များကို ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ်မှ မှာယူစုဆောင်းထားရပါသည်။ ဝါးကိုမူ ဖြူးမြို့၌ပင် ဝယ်ယူရရှိနိုင်ပါသည်။

20 Mar 2025

           မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၌ မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းဈေးလည်းကောင်းသဖြင့် စီးပွားဖြစ် ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

            ဘိန်းဗျောကျေးရွာမှ ပန်းစိုက်ခင်းများ အောင်မြင်လျှက်ရှိပြီး ယခုနှစ်တွင် ဂန္ဓမာပန်းအပြင် မေမြို့ပန်း ပန်းပင်များကိုပါ စမ်းသပ်စိုက်ပျိုးကြရာ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိပြီးဖြစ်ကြောင်းသိရသည်။

Pages