ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်အတွင်းရှိ နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း၊ သဲကုန်း မြို့နယ်များတွင်း ဆောင်းသီးနှံ ပဲမျိုးစုံကို စိုက်ပျိုးကြရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နတ်တလင်းခရိုင် အနေဖြင့် မတ်ပဲစိုက်ပျိုးမှု ၁၉၁၁၅၇-ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရေဆင်း-၄၊ ရေဆင်း-၅၊ ရေးဆင်း-၇၊ TBL – 9 မျိုးများကို စိုက်ပျိုးကြောင်း သက်ဆိုင်ရာ ဦးစီး ဌာနက သိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်အတွင်းမြို့နယ်များတွင်မတ်ပဲဈေးနှုန်းမှာ ဖေဖော်ဝါရီလ နောက်ဆုံးသီတင်းပတ်တွင် ပိဿာ(၂၀)တစ်တင်းလျှင်အနိမ့်ဆုံး(၉၆၇၀၀)ကျပ်မှအမြင့်ဆုံး(၉၇၀၀၀) ကျပ်ထိရှိပြီး ယခုလမတ်လတတိယသီတင်းပတ်အတွင်းမှာတော့ ပိဿာ (၂၀)တစ်တင်းကို (၉၆၈၀၀) ကျပ်ခန့်မှ(၉၇၀၀၀)ကျပ်ထိရှိပါသည်။စီးထွက်မှုအနေဖြင့် မတ်လတတိယသီတင်းပတ်ထိ အိတ်လုံး ရေ(၁၀၅၆၅၀)အိတ်ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)

ခွေးတောက်ပင် (အသံထွက် ဂွေးတောက်ပင်)သည် သဘာဝ အလျောက်ပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး ပင်စည်လုံး၍ အခေါက်တွင် အညိုရောင်အဖုအစက်များ၊ မြောင်းလေးများ ပါရှိပါသည်။ အရွက်ကတော့ နှလုံးပုံရှိသည့် အကွက်များ ရွက်ဆိုင်ထွက်ပြီး၊ ရွက်ထိပ်ချွန်ပါတယ်။ မြန်မာ နိုင်ငံအနှံ့အပြားတွင် အများအပြားတွေ့ရသည်။ အသီးသည် အတောင့်ဖြစ်၍ ကြက်သွေးရောင် ရှိသည်။ အရွက်ကို စိမ်းလဲ့လဲ့ အရောင်ရှိသော ဆိုးဆေးမျိုးလုပ်နိုင်၏။ ထိုဆိုးဆေးသည် ဆေးခိုင်သည့် လက္ခဏာ မရှိချေ။ ခွေးတောက်သားသည် ခိုင်မာ၍ လေးလံသည်။ ခွေးတောက

ပြည်ခရိုင်အတွင်းတွင်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဘိလပ်မြေဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ဈေးများမြင့်တက်ခဲ့ရာ ကြံ့နီတစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်၊ အပါချီ တစ်အိတ်လျှင် (၂၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဖေဖော်ဝါရီလဒုတိယပတ်တွင် ကြံ့နီ တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၂၄၅၀၀)ကျပ်ဈေးဖြင့် အနည်းငယ်ကျဆင်းသွားခဲ့ပါသည်။ မတ်လပထမပတ်မှစ၍ ကြံ့နီတစ်အိတ် လျှင် (၁၉၀၀၀)ကျပ်၊ ALPHA တစ်အိတ်လျှင် (၁၇၀၀၀) ကျပ်နှင့် အပါချီတစ

မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျှောက်ပေါက်ရောက်ပြီး အလွယ်တကူရှာဖွေ တွေ့ရှိနိုင်သည့် ဆေးဖက်ဝင်အပင်တစ်မျိုးကို ပြောပါဆိုလျှင် ပင်စိမ်းကို ပြောရမည်ဖြစ်ပါသည်။ ပင်စိမ်းပင်သည်စိုက်ပျိုးရလွယ်ကူသည်။ နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက် နိုင်သည်။ တစ်ကြိမ်စိုက်လျှင်ပွားသည်။ များလာသည်။ ကျန်းမာရေးအတွက်စားသုံးကြသည်။ ပင်စိမ်းပင် များမှန်သမျှအနံ့ပြင်းသည်။ အရွက်သည်ရွက်ဆိုင်ထွက်၍အပွင့်သည် စင်္ကြာပုံရှိသည်။ ပင်စိမ်းပင်ကို စိုက်ပျိုးမြေမရှိသော မြို့ပြတိုက်ခန်းနေသူများပင် ပန်းအိုး၊ သေတ္
