ကုန်သွယ်မှုသတင်းများ
MG အမှတ်တံဆိပ်အောက်ရှိကားများထုတ်လုပ်သည့် တရုတ်-ထိုင်းပူးတွဲလုပ်ငန်း SAIC Motor-CP နှင့် MG Sales (Thailand) တို့သည် နှေးကွေးနေသောထိုင်းပြည်တွင်းကားဈေးကွက် ပုံမှန်သို့ပြန်မရောက်မချင်း pickup ကားများထုတ်လုပ်မှုကို ရပ်နားထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။ MG Sales (Thailand) က ကုမ္ပဏီသည် ဒီဇယ်စွမ်းအင်သုံး pickup ကားများအား နှစ်စဉ်မည်မျှထုတ်လုပ်သည်ဟု မကြေညာခဲ့သော်လည်း ထိုကားများသည် ၎င်းတို့ပြည်တွင်း ထုတ်လုပ်သည့်ကားများထဲတွင် ပမာဏအနည်းငယ်သာပါဝင်ကြောင်း သိရပါသည်။ MG

တိုယိုတာမော်တာဗီယက်နမ်သည် မတ်လ ၁၉ ရက်နေ့က အစီးရေ ၇၀၀၀၀၀ မြောက် ကားကို ထုတ်လုပ်ခဲ့ပြီး ဗီယက်နမ်တွင် ထိုကိန်းဂဏန်းကိုရောက်ရှိခဲ့သည့် ပထမဆုံးကား ထုတ်လုပ်သူဖြစ်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလသည် တိုယိုတာ၏ ဗီယက်နမ်တွင် လုပ်ငန်းစတင်လည်ပတ်သည့် နှစ် ၃၀ မြောက်ဖြစ်ပြီး ပြည်တွင်းမော်တော်ကား လုပ်ငန်းအဆင့်မြှင့်တင်ရန် ကုမ္ပဏီ၏အာမခံမှုကို သက်သေပြနေကြောင်း သိရပါသည်။ တိုယိုတာမော်တာဗီယက်နမ်၏စက်ရုံကို ဗီယက်နမ်တောင်ပိုင်းရှိ Vinh Phuc ပြည်နယ်တွင် ၁၉၉၅ ခုနှစ်ကစတင်တည်ထောင

၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်၏ပုဇွန်တင်ပို့မှုသည် အထင်ကြီးဖွယ် ကြံ့ကြံ့ခံ နိုင်စွမ်းပြသနေပြီး ပင်လယ်စာလုပ်ငန်းနယ်၏ အဓိကပို့ကုန်အဖြစ် ၎င်းတို့၏ တည်ရှိမှုကို အခိုင် အမာပြသနေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် ဗီယက်နမ်သည် ပင်လယ်စာ တင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ ရရှိခဲ့ပြီး ထိုတန်ဖိုးထဲမှ အမေရိကန် ဒေါ်လာ ၅၄၂ သန်းသည် ပုဇွန်တင်ပို့မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း (VAS

ဗီယက်နမ်သည် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှုပမာဏတွင်သာမက ကုန်သွယ်ရေး ကြီးထွားမှုအမြန်နှုန်းတွင်ပါ ကမ္ဘာ့စီးပွားရေးကြီးထွားမှု အမြန်ဆုံး ၃၀ စာရင်းတွင်ရပ်တည်နိုင် ကြောင်း ဂျာမနီထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း DHL က ခန့်မှန်းပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများသည် ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ စီးပွားရေးကြီးထွားမှု ပမာဏနှင့် အမြန်နှုန်းမြင့်တက်လာနိုင်ခြင်းနှင့်အတူ လာမည့်ငါးနှစ်အတွင်း ကုန်သွယ်ရေး ကြီးထွားမှု အရှိန်မြင့်တက်လာနိုင်ကြောင်း သိရပါသည်။ ဗီယက်

ဗီယက်နမ်၏လျှပ်စစ်ကားဈေးကွက်သည် ရောင်းချရမှုမြင့်တက်ခြင်းနှင့် နိုင်ငံတကာ အမှတ်တံဆိပ်များတည်ရှိခြင်းနှင့်အတူ လျှင်မြန်စွာကြီးထွားနေကြောင်းသိရပါသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏အဆိုအရ လျှပ်စစ်ကားရောင်းချရမှုသည် ၂၀၂၂ ခုနှစ်တွင် ၈၀၀၀ စီးမှ ၂၀၂၃ ခုနှစ်တွင် ၃၇၈၀၀ စီးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အစီးရေ ၉၀၀၀၀ နီးပါးထိရောင်းချခဲ့ရပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၅ ဆ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ VinFast သည် ပြည်တွင်းဈေးကွက်ကိုဦးဆောင်ထားပြီး ၃ နှစ်အတွင်း အစီးရေ ၈၇၀၀၀
